(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖွဲ့ချုပ်ဖလား မြင်းစီးပြိုင်ပွဲဆုပေးပွဲကျင်းပ
ရန်ကုန်၊ ဇန်နဝါရီလ (၄)ရက်။
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖွဲ့ချုပ်ဖလား မြင်းစီးပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဥက္ကဌ ဦးပြုံးမောင်မောင်၊ ဒုတိယဥက္ကဌနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံမြင်းစီးအသင်းမှ လက်ရွေးစင်များ၊ မြင်းစီးကလပ်အသင်းများ၊ မြင်းချစ်မြတ်နိုးသူအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။
ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဥက္ကဌ ဦးပြုံးမောင်မောင်၊ ဒုတိယ ဥက္ကဌနှင့် အမှုဆောင်များက မြန်မာ့ရိုးရာအသားကျပြိုင်ပွဲတွင် ပထမဆုရ ဇေယျာဝင်း(ရွှေဇင်ယော်)၊ ဒုတိယဆုရ ပြုံးချို (ထိပ်ထား)၊ တတိယဆုရ အောင်ဆန်းလင်း(မြန်မာပြည်ချမ်းချမ်း) ၊ ဒုန်းပြိုင်ပွဲ (အငယ်တန်း)ပြိုင်ပွဲတွင် ပထမဆုရ ဇော်မြင့်(ပတ္တမြားမေ)၊ ဒုတိယဆုရ ချစ်လား (အဓိပတိ) ၊ တတိယဆုရ ကျော်ထက် (ထိပ်ထား) ၊ ဒုန်းပြိုင်ပွဲ (အလတ်တန်း)ပြိုင်ပွဲတွင် ပထမဆုရ ကျော်မင်းကို(ထွန်းတောက်)၊ ဒုတိယဆုရ ချစ်ချစ်နောင်(ထီလာတံခွန်) ၊ တတိယဆုရ Sandra (မဲကြီး) ၊ ဒုန်းပြိုင်ပွဲ (အကြီးတန်း)ပြိုင်ပွဲတွင် ပထမဆုရ ချစ်လား(ပျံလွှား)၊ ဒုတိယဆုရ အောင်အောင်စိုး (ရဲရဲတောက်) ၊ တတိယဆုရ မြင့်စိုး (ဓူဝံ) ၊ ဒုန်းပြိုင်ပွဲ (အထူးတန်း)ပြိုင်ပွဲတွင် ပထမဆုရ ဖြိုးသီဟဇော်(BONDI ROLLAR)၊ ဒုတိယဆုရ နန်းကိုဝင်း (ကစ္စပနဒီ) ၊ တတိယဆုရ ဇင်မင်း (မိုးခမ်း) ၊ Dresage အလှ ဦးသန်းနိုင်အောင်၊ တန်းခုန်ပြိုင်ပွဲတွင် ပထမဆုရ ပိုးအိဖြူ(စိန်ဝင်းမယ်)၊ ဒုတိယဆုရ ရှင်းခန့်ဝင်း(မန္တလေးနွယ်)၊ တတိယဆုရ သန်းနိုင်အောင် ( စိန်အိမ်သူ)တို့အား အသီးသီးဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။




