(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အားကြိုဆို
ရန်ကုန်၊ မေလ (၇) ရက်။
၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာ့ပြေးခုန်ပစ်အားကစားအဖွဲ့သည် ယနေ့ည (၁၉:၂၀) နာရီ အချိန်တွင် လေယာဉ်အမှတ် 8M- 402 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုကြိုဆိုကြပါသည်။
အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာ့ပြေးခုန်ပစ်အားကစားသမား (၇)ဦး တွင် (၂၀)ကီလိုမီတာလမ်းလျှောက် (အမျိုးသား)ပြိုင်ပွဲ၌ တတိယ (ကြေးတံဆိပ်ဆု) ရရှိခဲ့သော ပြည့်ဖြိုးထွန်းတို့ ပြန်လည်လိုက်ပါလာကြောင်း သိရှိရသည်။


