(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ
ရန်ကုန်၊ ဧပြီလ (၃၀) ရက်။
၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ် (၁၄း၁၅)နာရီအချိန်၌ လေယာဉ်အမှတ် 8M-401 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ အားကစားအဖွဲ့များတွင် ဘောလုံးအားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၈)ဦး၊ အမျိုးသမီးအားကစားသမား (၂၀)ဦး၊ ဘော်လီဘော အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ အမျိုးသား (၂)ဦးတို့ နင့်အတူ မြန်မာနိင်ငံတွင် ရိုးရာခြင်းလုံးနှင့်ပိုက်ကျော်ခြင်းအားကစားနည်းများကိုလာရောက် ပူးတွဲလေ့ကျင့်နေသော အိမ်ရှင်ကမ္ဘောဒီးယားအသင်းသည် လည် ယနေ့ထွက်ခွာသွားသော လေယာဥ်ဖြင့်လိုက်ပါသွားကြောင်းသိရှိရသည်။


