အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုသည့် အခမ်းအနားကျင်းပ

ကမ္ဘောဒီးယား၊ မေ(၃)။

ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ယနေ့နံနက် မြန်မာစံတော်ချိန်(၇)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Morodok Techo National Sports Complex တွင် (Team Welcome Ceremony) ကြိုဆိုရေးအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့သည်။

ဦးစွာ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး The President of the National Olympic Committee of Cambodia and Minister of Tourism,His Excellency Dr. Thong Khon က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီးနောက် NOCS ၊ CDMS နှင့် အိမ်ရှင်နိုင်ငံတို့အား ပြိုင်ပွဲကျင်းပရေး ကော်မတီကိုယ်စားလှယ်က ကြိုဆိုနှုတ်ခွန်းဆက်ပြောကြားခဲ့သည်။

ထို့နောက် ဘရိူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ အရှေ့တီမော၊ ဗီယက်နမ်နိုင်ငံတို့၏ နိုင်ငံတော်အလံများလွှင့်တင်ခဲ့ပြီးနောက် တတိယအကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီးနောက် ကြိုဆိုရေး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။