အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၃

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ” ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ၆ ပေါက်တန်း(အမျိုးသား)ပြိုင်ပွဲ(တတိယနေ့)တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက ရမှတ် ၇၁၂ မှတ်၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်း က ရမှတ် ၁၃၉၆ မှတ်၊ သာသနာရေးဝန်ကြီးဌာနအသင်းက ရမှတ် ၈၅၃ မှတ်၊ အလုပ်သမားဝန်ကြီးဌာန အသင်းက ရမှတ် ၅၅၀ မှတ်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက ရမှတ် ၇၆၂ မှတ်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်းက ရမှတ် ၁၃၄၈ မှတ်၊ ၄ ပေါက်တန်း (အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစားရေးရာဝန်ကြီးဌာနအသင်းက ရမှတ် ၄၂၂ မှတ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းက ရမှတ် ၅၈၅ မှတ်၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၃၇၃ မှတ်၊ ပညာရေးဝန်ကြီးဌာနအသင်းက ရမှတ် ၃၆၄ မှတ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းက ရမှတ် ၆၅၅ မှတ်၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ရမှတ် ၆၅၆ မှတ် တို့ကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ” ၆ ပေါက်တန်း (အမျိုးသား)ပြိုင်ပွဲ(စတုတ္ထနေ့)တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအသင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနအသင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်း၊ ပညာရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ခတ်ကစားသွားမည်ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ပြိုင်ပွဲကာလ ၆ ရက် ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။