၂၀၂၅ခုနှစ်၊ ပထမအကြိမ် ကလပ်ပေါင်းစုံ (အလွတ်တန်းနှင့် လူငယ်) စစ်တုရင်ပြိုင်ပွဲကျင်းပ
တောင်ကြီး၊မေလ ၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ ပြည်နယ်စစ်တုရင်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးကိုရည်ရွယ်ကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် Aung Myat Company & Shake Shake Groupတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ ပထမအကြိမ် ကလပ်ပေါင်းစုံ (အလွတ်တန်းနှင့် လူငယ်) စစ်တုရင်ပြိုင်ပွဲအား (၁၆.၅.၂၀၂၅)ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ပြိုင်ပွဲကို (၁၆.၅.၂၀၂၅)ရက်နေ့မှ (၁၈.၅.၂၀၂၅)ရက်နေ့ထိ ပြိုင်ပွဲဝင် အားကစားသမားစုစုပေါင်း (၈၆)ဦးဖြင့် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံအတွင်း၌ ယှဥ်ပြိုင်ကစားလျက်ကြောင်းသိရှိရကာ တောင်ကြီးမြို့နယ်အတွင်းရှိ စစ်တုရင်အားကစားဝါသနာရှင်များ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိခဲ့ရပါသည်။


