၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အလွတ်တန်း ဘောလုံး(အမျိုးသား)ပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး) ဘောလုံးနှင့် ဖူဆယ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မန်နေဂျာများ အစည်းအဝေးကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၁
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်ကြသည့် ဝန်ကြီးဌာနအဆင့် ဘောလုံး၊ ဖူဆယ်နှင့် ဘော်လီဘော အားကစားနည်းများအတွက် အသင်းမန်နေဂျာများအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ C နှင့် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း(ရွာတော်)တို့၌ အသီးသီးကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့်အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေ အသိပေးထားသော စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဝန်ကြီးဌာနအဆင့် ဘောလုံးပြိုင်ပွဲတွင် စုစုပေါင်း (၁၉)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုအဆင့်ပြိုင်ပွဲများကို ၂-၁၂-၂၀၂၄ ရက်နေ့မှ ၁၄-၁၂-၂၀၂၄ ရက်နေ့အထိ ညနေ ၃ နာရီ အချိန်များတွင် ပေါင်းလောင်းကွင်း၊ ရွှေကြာပင်ကွင်းနှင့် လယ်ဝေး TC-2 ကွင်းများတွင်လည်းကောင်း၊ ကွာတားဖိုင်နယ်ပွဲစဉ်များကို ၁၆-၁၂-၂၀၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ပေါင်းလောင်းကွင်း၊ လယ်ဝေး TC-2၊ ရွှေကြာပင်ကွင်းနှင့် လယ်ဝေးမြို့နယ်ကွင်းများတွင်လည်းကောင်း၊ ဆီမီးဖိုင်နယ်အဆင့်ပြိုင်ပွဲများကို ၁၈-၁၂-၂၀၂၄ ရက်နေ့ ညနေ၃ နာရီအချိန်တွင် ပေါင်းလောင်းကွင်းနှင့် ရွှေကြာပင်ကွင်းများတွင်လည်းကောင်း၊ ဖိုင်နယ်ပွဲစဉ်ကို ၂၀-၁၂-၂၀၂၄ ရက်နေ့တွင် ညနေ ၃ နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ လည်းကောင်း ကျင်းပမည်ဖြစ်သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် U-21 ဘောလုံး(အမျိုးသား)ပြိုင်ပွဲတွင် စုစုပေါင်းအသင်း(၁၅)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုအဆင့်ပြိုင်ပွဲများကို ၂-၁၂-၂၀၂၄ ရက်နေ့မှ ၁၂-၁၂-၂၀၂၄ ရက်နေ့အထိ ညနေ ၃ နာရီ အချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၃)၊ (၄)နှင့် လယ်ဝေးမြို့နယ်ကွင်းများတွင်လည်းကောင်း၊ ကွာတားဖိုင်နယ်ပွဲစဉ်များကို ၁၄-၁၂-၂၀၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၃)၊ (၄)၊ ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ်ကွင်း များတွင်လည်းကောင်း၊ ဆီမီးဖိုင်နယ်အဆင့်ပြိုင်ပွဲများကို ၁၆-၁၂-၂၀၂၄ ရက်နေ့ ညနေ၃ နာရီအချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၃)နှင့်(၄)တို့တွင်လည်းကောင်း၊ ဖိုင်နယ်ပွဲစဉ်ကို ၁၈-၁၂-၂၀၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် လယ်ဝေး TC-2 ကွင်း၌ ကျင်းပမည်ဖြစ်သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် U-25 ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲတွင် စုစုပေါင်းအသင်း (၁၃)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုအဆင့်ပြိုင်ပွဲများကို ၂-၁၂-၂၀၂၄ ရက်နေ့မှ ၁၁-၁၂-၂၀၂၄ ရက်နေ့အထိ ညနေ ၃ နာရီ အချိန်များတွင် ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ် ကွင်းများတွင်လည်းကောင်း၊ ကွာတားဖိုင်နယ်ပွဲစဉ်များကို ၁၃-၁၂-၂၀၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၃)၊ (၄)၊ ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ်ကွင်းများတွင်လည်းကောင်း၊ ဆီမီးဖိုင်နယ်အဆင့်ပြိုင်ပွဲများကို ၁၅-၁၂-၂၀၂၄ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ်ကွင်းများတွင်လည်းကောင်း၊ ဖိုင်နယ်ပွဲစဉ်ကို ၁၇-၁၂-၂၀၂၄ ရက်နေ့တွင် ညနေ ၃ နာရီအချိန်တွင် ရွှေကြာပင်ကွင်း၌လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။
အလားတူ ပြည်နယ်နှင့်တိုင်းဒေသကြီးဘော်လီဘောပြိုင်ပွဲတွင် စုစုပေါင်း ကျား(၁၄)သင်း၊ မ(၁၂)သင်း ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး အုပ်စုအဆင့်ပြိုင်ပွဲများကို ၂-၁၂-၂၀၂၄ ရက်နေ့မှ ၇-၁၂-၂၀၂၄ ရက်နေ့အထိ နံနက် ၈ နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ B တွင်လည်းကောင်း၊ အမျိုးသားကွာတားဖိုင်နယ်ပွဲစဉ်များကို ၈-၁၂-၂၀၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိ အားကစားရုံ B တွင် လည်းကောင်း၊ အမျိုးသမီးကွာတားဖိုင်နယ်ပွဲစဉ်များကို ၁၀-၁၂-၂၀၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ B တွင် လည်းကောင်း၊ ဆီမီးဖိုင်နယ် အဆင့်ပြိုင်ပွဲများကို ၁၁-၁၂-၂၀၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ B တွင် လည်းကောင်း၊ ဖိုင်နယ်ပွဲစဉ်ကို ၁၂-၁၂-၂၀၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိ အားကစားရုံ B ၌ ကျင်းပမည်ဖြစ်သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲတွင် စုစုပေါင်း ကျား(၁၅)သင်း၊ မ(၁၃)သင်း ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး အုပ်စုအဆင့်ပြိုင်ပွဲများကို ၂-၁၂-၂၀၂၄ ရက်နေ့မှ ၅-၁၂-၂၀၂၄ ရက်နေ့အထိ နံနက် ၈ နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ တွင်လည်းကောင်း၊ အမျိုးသမီး ကွာတားဖိုင်နယ်ပွဲစဉ်များကို ၆-၁၂-၂၀၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ တွင်လည်းကောင်း၊ အမျိုးသားကွာတားဖိုင်နယ်ပွဲစဉ်များကို ၇-၁၂-၂၀၂၄ ရက်နေ့ နံနက် ၈ နာရီ အချိန်မှစ၍ ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံတွင်လည်းကောင်း၊ အမျိုးသမီး ဆီမီးဖိုင်နယ်အဆင့်ပြိုင်ပွဲများကို ၈-၁၂-၂၀၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိဖူဆယ်လေ့ကျင့်ရေးကွင်းတွင်လည်းကောင်း၊ အမျိုးသားဆီမီးဖိုင်နယ်အဆင့်ပြိုင်ပွဲများကို ၁၀-၁၂-၂၀၂၄ ရက်နေ့ နံနက် ၈ နာရီ အချိန်မှစ၍ ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံတွင်လည်းကောင်း၊ ဖိုင်နယ်ပွဲစဉ်ကို ၁၁-၁၂-၂၀၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌လည်းကောင်းကျင်းပမည်ဖြစ်သည်။