အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)တိုက်ကွမ်ဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇွန်(၁၉)။

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်ရှိကြသည့် တိုက်ကွမ်ဒိုအားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် တိုက်ကွမ်ဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် တိုက်ကွမ်ဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီခွဲမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။

ယနေ့ တိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး)အတိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၅၀-၅၄)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(၅၈-၆၃)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(၄၀-၄၃) ကီလိုတန်းပြိုင်ပွဲ အမျိုးသမီး(၅၇-၆၂)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ပြီး‌နောက် အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(၅၀-၅၄)ကီလိုတန်းပြိုင်ပွဲတွင် ဇော်ရိန်အောင်(ကချင်)က ကျော်ဇေယျာဖြိုး(ကယား)ကိုလည်းကောင်း၊ စောရန်ထူး(မန္တလေး)က နေစိုးရှိန်(ရန်ကုန်)ကို လည်းကောင်း၊ အမျိုးသား(၅၈-၆၃)ကီလိုတန်းပြိုင်ပွဲတွင် ဘုန်းထွဋ်အောင်(ရန်ကုန်)က စောအယ်လင်းဦး (ကယား)ကိုလည်းကောင်း၊ မျိုးမင်းကျော်(ပဲခူး)က နေဝင်း(ဧရာဝတီ)ကိုလည်းကောင်း၊ အမျိုးသမီး(၄၀-၄၃)ကီလိုတန်းပြိုင်ပွဲတွင် ဝင်းသိင်္ဂီထွန်း(ရန်ကုန်)က ငြိမ်းကြည်ဖြူ(ချင်း)ကိုလည်းကောင်း၊ အေးသန္တာကျော်(ကယား)က မိုးပြည့်စုံ(မွန်)ကိုလည်းကောင်း၊ အမျိုးသမီး(၅၇-၆၂)ကီလိုတန်းပြိုင်ပွဲတွင် ကျိန်လိမ်းဟွဲ့(ချင်း)က ဟယ်လင်းထွေး(ကယား)ကိုလည်းကောင်း၊ မြတ်အိန္ဒြေတင်(ရန်ကုန်)က နန်းလှရည်(ရှမ်း)ကို လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

ထို့နောက် ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(၅၈-၆၃)ကီလိုတန်းပြိုင်ပွဲတွင် ဘုန်းထွဋ်အောင် (ရန်ကုန်)က ပထမ၊ မျိုးမင်းကျော်(ပဲခူး)က ဒုတိယ၊ စောအယ်လင်းဦး(ကယား)နှင့် နေဝင်း(ဧရာဝတီ) တို့က ပူးတွဲတတိယကိုလည်းကောင်း၊ အမျိုးသမီး(၄၀-၄၃)ကီလိုတန်းပြိုင်ပွဲတွင် ဝင်းသိင်္ဂီထွန်း (ရန်ကုန်)က ပထမ၊ အေးသန္တာကျော်(ကယား)က ဒုတိယ၊ ငြိမ်းကြည်ဖြူ(ချင်း)နှင့် မိုးပြည့်စုံ(မွန်) တို့က ပူးတွဲတတိယကိုလည်းကောင်း၊ အမျိုးသမီး(၅၇-၆၂)ကီလိုတန်းပြိုင်ပွဲတွင် မြတ်အိန္ဒြေတင်(ရန်ကုန်)က ပထမ၊ ကျိန်လိမ်းဟွဲ့(ချင်း)က ဒုတိယ၊ ဟယ်လင်းထွေး(ကယား)နှင့် နန်းလှရည်(ရှမ်း)တို့ ပူးတွဲတတိယ တို့ကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့ နံနက်(၈)နာရီခွဲမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ အမျိုးသား(၅၄-၅၈)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(၆၃-၆၈)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(၇၄-၈၀)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(၆၂-၆၇)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(၆၇-၇၃)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(၆၃-၆၈)ကီလိုတန်ပြိုင်ပွဲ၊ အမျိုးသမီး(၄၆-၄၉)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်များအား ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ တိုက်ကွမ်ဒိုအားကစား ဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။