အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

နေပြည်တော် ဒီဇင်ဘာ ၇

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက် ယှဉ်ပြိုင်ကစား ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၃)နှစ်အောက် အမျိုးသားဘတ်စကက် ဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ ရှမ်းပြည် နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ရမှတ်(၁၀၆-၇၂) မှတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ရမှတ်(၇၀-၆၇)မှတ်ဖြင့် အနိုင်ရရှိ ခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၀)နှစ်အောက်ဘော်လီဘော ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပရာ အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်း က ရခိုင်ပြည်နယ်အသင်းကို ၃ပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ၃ပွဲပြတ်၊ ကရင်ပြည်နယ်အသင်း က ချင်းပြည်နယ်အသင်းကို ၃ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်း က ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းကို ၃ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်း ကို ၃ ပွဲ ပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက်အမျိုးသား ဘောလုံး ပြိုင်ပွဲအုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၃)/(၄) တို့တွင် ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းက ကယားပြည်နယ် အသင်းကို ၂ ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၂ ဂိုး ၁ ဂိုး ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဘောဂဝတီအားကစားကွင်းနှင့် လယ်ဝေးမြို့နယ် အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း က မွန်ပြည်နယ်အသင်းကို ၂ ဂိုး ၁ ဂိုး၊ မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးဖူဆယ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ကျင်းပရာ အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်း က ကချင်ပြည်နယ်အသင်းကို ၃ ဂိုး၂ ဂိုး ၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်း ကို ၄ ဂိုး ၃ ဂိုး၊ မန္တလေးတိုင်းဒေသကြီးအသင်း က မကွေးတိုင်းဒေသကြီး အသင်းကို ၉ ဂိုး ၃ ဂိုး၊ ရန်ကုန်တိုင်းဒေသကြီးအသင်း က ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၇ ဂိုး ၅ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C)ရုံ၌ကျင်းပရာ အမျိုးသားကြက်တောင်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ပဲခူးတိုင်း ဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို ၃ပွဲ ၁ပွဲ၊ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်း ကို ၃ ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးကြက်တောင် ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်း ကို ၃ ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်း က တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်း က မွန်ပြည်နယ်အသင်းကို ၃ပွဲပြတ်၊ ရှမ်းပြည် နယ်အသင်း က စစ်ကိုင်းတိုင်းဒေသကြီးအသင်း ကို ၃ ပွဲ ၁ပွဲ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစား ကွင်း(A)ရုံ၌ ကျင်းပရာ အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ကယားပြည်နယ်အသင်းကို ၂ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသ ကြီးအသင်းက ချင်းပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ မွန်ပြည်နယ်အသင်းက ဧရာဝတီ တိုင်းဒေသကြီးအသင်းကို ၂ ပွဲ ၁ ပွဲ၊ မန္တလေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်း ဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ် အသင်းကို ၂ ပွဲ ၁ ပွဲ၊ ရခိုင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၂ပွဲ ၁ ပွဲ၊ ကချင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း ကို ၂ပွဲပြတ်၊ ကရင်ပြည်နယ်အသင်း က ကယားပြည်နယ်အသင်း ကို ၂ ပွဲပြတ်၊ ဧရာဝတီတိုင်း ဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို ၂ ပွဲ ၁ ပွဲ၊ မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၂ ပွဲ ၁ ပွဲ၊ မကွေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်း ကို ၂ ပွဲ ၁ပွဲ၊ မွန်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို ၂ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်း က ရှမ်းပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ ဧရာဝတီတိုင်း ဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မကွေးတိုင်း ဒေသကြီးအသင်း ကို ၂ ပွဲ ၁ပွဲ၊ မွန်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ ရခိုင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၂ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ် ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅)နှစ်အောက် ခရစ်ကတ်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းမြားပစ်ကွင်း (၁/၂)၌ကျင်းပရာ အမျိုးသားခရစ်ကက်ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၆၇ မှတ်အသာ ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၅ ယောက်အသာ၊ ရန်ကုန်တိုင်းဒေသကြီးအသင်း က ရှမ်းပြည်နယ်အသင်းကို ၆ ယောက် အသာ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၁၁၁ မှတ်အသာဖြင့်လည်းကောင်း၊ အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၃ ယောက်အသာ၊ကရင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်း ကို ၆ ယောက်အသာ၊ ပဲခူးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၂ ယောက်အသာ ၊ မွန်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို ၁ ယောက်အသာဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးဂေါက်သီးရိုက်ပွဲကို မြို့တော်ဂေါက်ကွင်း၌ ကျင်းပရာ တစ်ဦးချင်းပြိုင်ပွဲ(အကျောမဲ့)၊ တစ်ဦးချင်းပြိုင်ပွဲ( အကျောပေး)၊ အသင်း လိုက်ပြိုင်ပွဲ (အကျောမဲ့)နှင့် အသင်းလိုက်ပြိုင်ပွဲ (အကျောပေး) ပြိုင်ပွဲများကို ပြည်ထောင်စုနယ်မြေနေပြည်တော်အပါဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား၊အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လက်ဝှေ့ရုံ၌ကျင်းပရာ အမျိုးသား (၅၇) ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ လမင်းကိုကို က ရခိုင်ပြည်နယ်မှ ကျော်စွာမင်း ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ကျော်စွာမိုးက မကွေးတိုင်းဒေသကြီးမှ လဝန်းအောင်ကိုလည်းကောင်း၊ ချင်းပြည်နယ်မှ ဂင်ရှန်မ္မောင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ အာကာဖြိုးဝေကိုလည်းကောင်း၊ ကရင်ပြည်နယ်မှ စောလှဟန်အေးက မန္တလေးတိုင်းဒေသကြီးမှ ရဲမင်းနိုင် ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသား (၇၁) ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ အောင်မြင့်ထွန်း က တနင်္သာရီတိုင်းဒေသကြီးမှ သက်ကျော်ထွေး ကိုလည်းကောင်း၊ ရှမ်းပြည်နယ်မှ ထွန်းထွန်းဝင်း က မွန်ပြည်နယ်မှ ဇင်မင်းအောင် ကိုလည်းကောင်း၊ ကချင်ပြည်နယ်မှ သူရဦး က ပြည်ထောင်စုနယ်မြေနေပြည်တော်မှ ခိုင်မြင့်အောင် ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အောင်ဇင်ထိုက် က ရန်ကုန်တိုင်းဒေသကြီးမှ အံ့ထူးနိုင်ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်မှ ဗန်လာတ်ထလျန်ဆန် က မကွေးတိုင်းဒေသကြီးမှ သာလင်းထက်ကိုလည်းကောင်း၊ ကရင်ပြည်နယ်မှ စောငွေမိုးက ဧရာဝတီတိုင်းဒေသကြီးမှ ငြိမ်းပြည့်စုံကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီး (၅၂) ကီလိုတန်းပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ သင်းသင်းခိုင် က စစ်ကိုင်းတိုင်းဒေသကြီးမှ နန်းငယ်ငယ်ထူး ကိုလည်းကောင်း၊ မွန်ပြည်နယ်မှ ကြည်လဲ့လဲ့ဦး က ကရင်ပြည်နယ်မှ ပပဝင်း ကိုလည်းကောင်း၊ အမျိုးသမီး(၅၄) ကီလိုတန်းပြိုင်ပွဲတွင် ကရင်ပြည်နယ်မှ နန်းသန္တာသိမ့် က ဧရာဝတီတိုင်းဒေသကြီးမှ နော်သီရိစန္ဒာ ကိုလည်းကောင်း၊ အမျိုးသမီး (၅၇) ကီလိုတန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ချမ်းပြည့်စိုး က ကရင်ပြည်နယ်မှ နန်းအေးသန္တာအောင် ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ သွယ်ဇင်ယွန်း က မွန်ပြည်နယ်မှ ငြိမ်းအေးသူ ကိုလည်းကောင်း၊ ချင်းပြည်နယ်မှ ကိမ်ရှန်းဒိတ်ဆန် က မန္တလေးတိုင်းဒေသကြီးမှ အိအိထွေး ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ နန်းစုနွယ် က တနင်္သာရီတိုင်းဒေသကြီးမှ မာလာစိုး ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြ သည်။

ဝန်ကြီးဌာနပေါင်းစုံအလွတ်တန်း အမျိုးသားဘောလုံး ပြိုင်ပွဲ အုပ်စုပတ် လည်ပွဲစဉ်များကို ပေါင်းလောင်း အားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့်လူ ငယ်ရေးရာဝန်ကြီးဌာန အသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်း ကို ၂ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အသင်း ကို ၆ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအသင်းကို ၆ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိ ခဲ့ကြသည်။

ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ များ၊ အားကစားနည်းအလိုက်အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်း သူများနှင့် အားကစားဝါသနာရှင် ပြည်သူများ စိတ်ပါ ဝင်စားစွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဆုတံဆိပ်များ ရရှိမှုအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် စစ်ကိုင်းတိုင်းဒေသကြီးက ရွှေ ၁ ခု၊ မွန်ပြည်နယ်က ရွှေ ၁ ခု၊ ကရင်ပြည်နယ်က ငွေ ၁ ခု၊ ရခိုင်ပြည်နယ်အသင်းက ငွေ ၁ ခု၊ ရန်ကုန်တိုင်းဒေသကြီးက ကြေး ၁ ခု နှင့် မန္တလေးတိုင်းဒေသကြီးက ကြေး ၁ ခု၊ မသန်စွမ်းအားကစားနည်းပြိုင်ပွဲများတွင် ဧရာဝတီတိုင်းဒေသကြီး က ရွှေ ၁၁ ခု၊ ငွေ ၅ ခု၊ ကြေး ၄ ခု ၊ ပဲခူးတိုင်းဒေသကြီးက ရွှေ ၈ ခု၊ ငွေ ၅ ခု ၊ ကြေး ၇ ခု ၊ ရန်ကုန်တိုင်းဒေသကြီး က ရွှေ ၇ ခု၊ ငွေ ၇ ခု ၊ ကြေး ၅ ခု၊ မန္တလေးတိုင်းဒေသကြီး က ရွှေ ၄ ခု၊ ငွေ ၉ ခု ၊ ကြေး ၁၁ ခု၊ မွန်ပြည်နယ် က ရွှေ ၄ ခု၊ ငွေ ၇ ခု၊ ကြေး ၄ ခု၊ ပြည်ထောင်စုနယ်မြေနေပြည်တော် က ရွှေ ၄ ခု၊ ငွေ ၅ ခု၊ ကြေး ၆ ခု တို့ကို ခွတ်ခူးရရှိထားကြကြောင်းသိရသည်။