အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့်နည်းစနစ်၊ ခုံသမာဓိနှင့် မျိုးဆက်သစ်အားကစားသမားများရွေးချယ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၁၄

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ် အားကစားသမားများ ရွေးချယ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း (အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ် ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရေး၊ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြား နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှုရရှိစေရေး၊ နိုင်ငံ့ ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာ စေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမို တိုးမြှင့် ဆောင်ရွက်လာနိုင်စေရေး၊ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရေးစသည့် ဦးတည်ချက် ၅ ချက်ဖြင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အား ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများကို အဆင့်မီမီဖြင့် စနစ်တကျ ကျင်းပနိုင်ရေးနှင့် မျိုးဆက်သစ် အားကစားသမားများကို စနစ်တကျ စိစစ်ကြပ်မတ် ရွေးချယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ယခုအစည်းအဝေးအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မျိုးဆက်သစ် အားကစားသမားများ ရွေးချယ်ရာတွင် အမှန်တကယ် အရည်ချင်းရှိသည့် အားကစားသမားများကို ဘက်လိုက်မှုမရှိဘဲ မှန်မှန်ကန်ကန် စိစစ်ကြပ်မတ်၍ ရွေးချယ်ပေးသွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ အတွင်းရေးမှူး၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ် အားကစားသမားများ ရွေးချယ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေးဆုံးဖြတ်ချက်ပါ လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍ အလိုက် တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြိုင်ပွဲများအား စနစ်တကျ ကျင်းပနိုင်ရေး၊ ပြိုင်ပွဲရလဒ်များအပေါ် အငြင်းပွားမှုများ ရှိလာပါက ခုံသမာဓိဆပ်ကော်မတီမှ မှန်မှန်ကန်ကန် စိစစ်ဆုံးဖြတ်ပြီး အတည်ပြုပေးနိုင်ရေး၊ အလား အလာရှိပြီး အမှန်တကယ် အရည်ချင်းရှိသော မျိုးဆက်သစ်အားကစားသမားများကို မှန်မှန် ကန်ကန် စိစစ်ရွေးချယ်နိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှု အခြေနေများနှင့် လိုအပ်ချက်များကို ကဏ္ဍအလိုက် အသီးသီး တင်ပြဆွေးနွေးခဲ့ပြီး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။