၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပပြုလုပ်သည့် မိုက်ခရိုမာရသွန် လူငယ်ဖိတ်ခေါ် ပြေးပြိုင်ပွဲကျင်းပ
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပပြုလုပ်သည့် မိုက်ခရိုမာရသွန် လူငယ်ဖိတ်ခေါ်အပြေးပြိုင်ပွဲကို (၃.၁.၂၀၂၃)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန်၌ မန္တလာသီရိအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲသည် မန္တလေးတိုင်းဒေသကြီး ပြေးခုန်ပစ်လူငယ်မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရေး၊ လူငယ်များကိုအားကစားဖြင့် ဆွဲဆောင်စည်းရုံးပြီး ကျန်းမာကြံ့ခိုင်စေရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်ပေးခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား/သူအင်အား (၁၀၀၀)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်၊
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ လူမှု့ရေးရာဝန်ကြီး နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ပြီးဆုများကို ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။




