၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖွဲ့ချုပ်ဖလားမြင်းစီးပြိုင်ပွဲကျင်းပ
ရန်ကုန်၊ ဇန်နဝါရီလ(၂)ရက်။
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူးကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖွဲ့ချုပ်ဖလားမြင်းစီးအားကစားပြိုင်ပွဲများကို ရန်ကုန်မြို့ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် အားကစားကွင်း၌ကျင်းပခဲ့သည်။
ရှေ့ဦးစွာမြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဥက္ကဌဦးပြုံးမောင်မောင်ကအဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဌများကပြိုင်ပွဲဖွင့်လှစ်ခြင်းနှင့်ခေါင်းလောင်းခေါက် အချက်ပေးဖွင့်လှစ်ခဲ့သည်။
ယနေ့ပြိုင်ပွဲတွင် မြန်မာ့ရိုးရာဒုန်းစီးပြိုင်ပွဲအငယ်တန်း Group (A)၊ အငယ်တန်း Group (B)၊ အငယ်တန်း Group(C) ၊အငယ်တန်း Group (D)၊ အလတ်တန်း Group (A)နှင့် မြန်မာ့ရိုးရာအသားကျ ပြိုင်ပွဲ(၁)၊(၂)များယှဉ်ပြိုင်ခဲ့ပြီးဇန်နဝါရီလ(၃)ရက်နေ့တွင် မြန်မာ့ရိုးရာဒုန်းစီးပြိုင်ပွဲအငယ်တန်း Semi-Finals (1) ၊ Semi-Finals (2) မြန်မာ့ရိုးရာအသားကျ ပြိုင်ပွဲ၊ ဒုန်းစီးပြိုင်ပွဲအလတ်တန်းGroup (B)နှင့် တန်းခုန် သရုပ်ပြပြိုင်ပွဲများဇန်နဝါရီလ (၄)ရက်နေ့တွင် တန်းခုန် သရုပ်ပြပြိုင်ပွဲများ၊အလှစီးသရုပ်ပြ ပြိုင်ပွဲများ ၊ မြန်မာ့ရိုးရာအသားကျပြိုင်ပွဲဗိုလ်လုပွဲနှင့် ဒုန်းစီးပြိုင်ပွဲအငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊အထူးတန်းနှင့် ဗိုလ်လုပြိုင်ပွဲများကျင်းပပြီးဆုပေးပွဲများပြုလုပ်သွားမည်ဖြစ်သည်။
မြင်းစီးပြိုင်ပွဲတွင်မြန်မာနိုင်ငံအတွင်းရှိမြင်းစီးအားကစားသမားများ၊မြန်မာနိုင်ငံမြင်းစီးအသင်းမှလက်ရွေးစင်များ၊မြင်းစီးကလပ်အသင်းများ၊မြင်းချစ်မြတ်နိုးသူအဖွဲ့အစည်းများမှမြင်းစီးအားကစားများ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။




