၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
မော်လမြိုင်၊ သြဂုတ်လ(၇)ရက်။
၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်စိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ်လ(၇)ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ပိုက်ကျော်ခြင်း အမျိုးသား(၃)ယောက်တွဲ မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်တို့ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား/အမျိုးသမီး(၂)ယောက်တွဲနှင့်(၃)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုနှင့် တတိယဆုရရှိသူများအား ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တစ်ဦးချင်းဆုနှင့် ငွေသားဆုများအား လည်းကောင်း၊ အမျိုးသား/အမျိုးသမီး (၂)ယောက်တွဲနှင့်(၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသူ များအား ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်က တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။


