၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် လာရောက်ယှဉ်ပြိုင်သည့် အားကစားသမားများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအားလာရောက်ကြည့်ရှုလေ့လာ
နေပြည်တော်၊ ဇန်နဝါရီ(၂၂)။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် လာရောက်ယှဉ်ပြိုင်သည့် အားကစားသမားများအား အောင်မြင်ကျော်ကြားခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ၏ အားကစားစွမ်းဆောင်ခဲ့မှုသမိုင်းမှတ်တမ်းများကို ကြည့်ရှုလေ့လာမှတ်သားပြီး အားကစားကိုပိုမို စိတ်ပါဝင်စား၍ စိတ်ဓာတ်ခွန်းအားများရရှိစေပြီး အတုယူ ကြိုးစားလိုစိတ်များဖြစ်ပေါ်လာစေရန်အတွက် နေပြည်တော်အသင်း၊ ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများသည် ယနေ့ မွန်းလွဲ(၁)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်ထုများအားလည်းကောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ မှတ်တမ်းများအားလည်းကောင်း လာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိမေးမြန်းခဲ့သည်များကို လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ပြခန်းတာဝန်ရှိသူများက လိုက်လံရှင်းလင်းဖြေကြားခဲ့ပြီးနောက် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ရေကူးကန်အား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။




