၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ(၂၄)။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စု နောက်ဆုံးပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ မွန်းလွဲ(၃)နာရီခွဲအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် (၃)တို့၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ အုပ်စုနောက်ဆုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ မန္တလေးဇုန်အသင်း နှင့် မော်လမြိုင်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မော်လမြိုင်ဇုန်အသင်းက မန္တလေးဇုန်အသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ တောင်ကြီးဇုန်အသင်းနှင့် မကွေးဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၁)ဂိုးစီသရေရလဒ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြသည်။
(၂၆.၂.၂၀၂၃)ရက်နေ့ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ညနေ(၃)နာရီခွဲအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ရန်ကုန်ဇုန်အသင်းနှင့် မကွေးဇုန်အသင်း၊ လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ မော်လမြိုင်ဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ကြောင်း သိရသည်။




