၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ၁၀.၉.၂၀၂၂ ရက်နေ့ ညနေ ၃ နာရီအချိန် ကျောင်းသားအားကစားကွင်းတွင် အထက.၆ နှင့် အထက ကွေ့ဝမ်း အသင်းတို့ယှဥ်ပြိုင်ကစားခဲ့ရာ အထက ကွေ့ဝမ်း အသင်းမှ ၄ ဂိုး ၃ ဂိုးဖြင့် အုင်ရရှိပြီး ပထမတံခွန်စိုက်ဒိုင်းဆုကြီးကို ဆွတ်ခူးခဲ့ပါသည်။
အဆိုပါပြိုင်ပွဲတွင် ဆုရရှိသော ဆုများချီးမြှင့်သွားမည်ဖြစ်ပါသည် ။ ပထမ တံခွန်စိုက်ဒိုင်းဆု ရရှိသော အထက ကွေ့ဝမ်းအသင်းအား တစ်ဦးချင်း ၊ ငွေသားဆု ကျပ် ၁၀ သိန်းနှင့် တံခွန်စိုက်ုင်းဆုကြီးကို မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် မှ လည်းကောင်း ၊ ဒုတိယဆု ရရှိသော အထက ၆ အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မှလည်းကောင်း ၊ ပူးတွဲတတိယဆုရရှိသော အထက ၉ အသင်းအား ငွေသားဆုကို မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှလည်းကောင်း ၊ အထက တရနာအသင်းအား ငွေသားဆုကို သယံဇာတရေးရာဝန်ကြီး မှလည်းကောင်း ၊ ပွဲစဥ်တလျှောက်အကောင်းဆုံးဆုကို မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ လည်းကောင်း ၊ ရှေ့တန်းအကောင်းဆုံးဆုကို မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး မှလည်းကောင်း ၊ အလယ်တန်းအကောင်းဆုံးကို ပြည်နယ်ဥပဒေချုပ်မှလည်းကောင်း ၊ နောက်တန်း အကောင်းဆုံးဆုကို မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးမှလည်းကောင်း ၊ ဂိုးသမားအကောင်းဆုကို ပြည်နယ်ဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌမှလည်းကောင်း ၊ အတိုးတက်ဆုံး အားကစားသမားဆုကို ပြည်နယ်ဘောလုံးဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌမှလည်းကောင်း၊ ပြိုင်ပွဲနေ့စဥ်အကောင်းဆုံးဆုကို စုန်ရေကုမ္ပဏီမှ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။




