စစ်တွေ၊ဇွန်(၂၀)။
၂၀၂၂ခုနှစ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရခိုင်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။
အဆိုပါဖွင့်ပွဲ၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှအဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအသင်းဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
ပြိုင်ပွဲဝင်အသင်း အမျိုးသား(၁၇)သင်း၊ အမျိုးသမီး(၁၇)သင်း အုပ်ချုပ်/နည်းပြ အားကစားသမားစုစုပေါင်းအင်အား (၂၅၅)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲကို ၁၈-၆-၂၀၂၂ ရက်နေ့မှ ၂၄-၆-၂၀၂၂ ရက်နေ့ထိ ဓညဝတီအားကစားခန်းမ၌ ကျင်းပပြုလုပ်လျှက်ရှိရာ မည်သူမဆိုအခမဲ့ လာရောက်အားပေးကြည့်ရှုနိုင်ပါသည်။


