(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်နိုင်ငံများအား ကြိုဆိုနှုတ်ဆက်ခြင်းအခမ်းအနားကျင်းပ
ကမ္ဘောဒီးယား၊ ဇွန်(၂)။
၂၀၂၃ ခုနှစ်၊ ဇွန်(၃) ရက်နေ့မှ (၉)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားအဖွဲ့များအား ကြိုဆိုနှုတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက် မြန်မာစံတော်ချိန် (၇)နာရီခွဲအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Morodok Techo National Sports Complex၌ (Team Welcome Ceremony) ကြိုဆိုရေးအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကမ္ဘောဒီးယားနိုင်ငံမှ H.E. Hun Many (Member of the Cambodian National Assembly) က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ထို့နောက် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ တီမောလက်စတီနှင့် ဗီယက်နမ်နိုင်ငံတို့၏ နိုင်ငံတော်အလံများကို လွှင့်တင်ခဲ့ပြီးနောက် အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံနှင့် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံများ၏ ကိုယ်စားလှယ်များမှ အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီးနောက် အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။




