(၁၁)ကြိမ်မြောက်အာရှသက်ငယ်တန်း ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို
ရန်ကုန်၊ ဩဂုတ်လ(၂၂)ရက်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်နေ့မှ (၂၁)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုမြို့တွင် ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် အာရှသက်ငယ်တန်း ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲ (11th Asian Junior Wushu Championships)သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာဝူရှူးအားကစားအဖွဲ့သည် ယနေ့ နံနက်(၀၈း၀၀)နာရီ အချိန်တွင် လေယာဉ်အမှတ် ST-251 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုကြိုဆိုကြပါသည်။
အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာဝူရှူးအားကစားအဖွဲ့တွင် တင်ထူးဝေက နန်းကွန့်အားကစားနည်း၌ ငွေတံဆိပ်(၁)ဆု၊ နန်းသောင်း နှင့် နန်းချွမ် အားကစားနည်း၌ ကြေးတံဆိပ်(၁)ဆုစီကိုလည်းကောင်း၊ မျိုးထွယ်ရန် နှင့် မေသော်တာတို့က ချန်းစု အားကစားနည်း၌ ကြေးတံဆိပ်(၁)ဆုစီကိုလည်းကောင်း၊ ဝေယံမိုးဟိန်းက ချန်းစု နှင့် ကျန့်စု အားကစားနည်း၌ အဆင့်(၇)ကိုလည်းကောင်း၊ ဟန်စုနွေးက သောင်းစု နှင့် ကွန့်စု အားကစားနည်း၌ အဆင့်(၅)ကို လည်းကောင်း ရရှိခဲ့ကြောင်းသိရှိရသည်။


