ဦးစီးအရာရှိ/ရုံးအုပ်/ဌာနခွဲစာရေးတို့နှင့် အဆင့်တူရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် ရေးဖြေစာမေးပွဲကျင်းပ
နေပြည်တော်၊(၃၀)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဌာနခွဲများနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိ/ရုံးအုပ်/ဌာနခွဲစာရေးတို့နှင့် အဆင့်တူ ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသူ စုစုပေါင်း(၃၃)ဦးတို့အား ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း (Media Room)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ စီမံ/ဘဏ္ဍာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစန်းချိုနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ရေးဖြေစာမေးပွဲဖြေဆိုအောင်မြင်သူများကို (၃၁.၁.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း အစည်းအဝေးခန်းမ၌ လူတွေ့စစ်ဆေးခြင်းကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။




