အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

2023 Asian Rowing Masters Coastal Regatta ပြိုင်ပွဲတွင် မြန်မာ‌နိုင်ငံက ရွှေတံဆိပ် (သုံးခု)ဆွတ်ခူးရရှိ

ရန်ကုန်၊ နို၀င်ဘာ(၁၃)။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Qingda မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် 2023 Asian Rowing Masters Coastal Regatta ပြိုင်ပွဲတွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် မြန်မာ့လက်ရွေးစင် အားကစားသမားများရွှေတံဆိပ်သုံးခုဆွတ်ခူးရရှိခဲ့‌ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အသက်(၂၇)နှစ်နှင့်အထက် အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲတွင် အမျိုးသမီး နှစ်ယောက်လှော် ပြိုင်ပွဲ (CW2x)( 2.8 Km)တွင် မြန်မာမှ နီလာ၀င်းနှင့် အိဖြူကပထမ (ရွှေ)၊တရုတ်က ဒုတိယ(ငွေ)၊တရုတ်က တတိယ(ကြေး)၊အမျိုးသမီး တစ်ယောက်လှော်ပြိုင်ပွဲ (CW1x) (1.6 Km) တွင်မြန်မာမှ အိဖြူက ပထမ (ရွှေ)၊ တရုတ်က ဒုတိယ(ငွေ)၊ တရုတ်က တတိယ(ကြေး)၊ အမျိုးသမီး တစ်ယောက်လှော်ပြိုင်ပွဲ (CWx) (1.6 Km) တွင် မြန်မာမှ နီလာ၀င်းကပထမ ( ရွှေ) မလေးရှားက ဒုတိယ(ငွေ)၊ အင်ဒိုနီးရှားက တတိယ(ကြေး)အသီးသီးရရှိခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှနိုင်ငံများမှ အားကစားသမားစုစုပေါင်း (၂၀၀) ကျော်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အုပ်ချုပ်/နည်းပြ တစ်ဦး၊ အမျိုးသမီးအားကစားသမားနှစ်ဦးတို့သည် ယနေ့ညပိုင်းက ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် တာ၀န်ရှိသူများကကြိုဆိုခဲ့ကြကြောင်းသိရသည်။