ဧရာဝတီတိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ
ပုသိမ်၊ နိုဝင်ဘာ(၁၂)ရက်။
၂၀၂၃ခုနှစ် ဧရာဝတီတိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲအား (၇.၁၁.၂၀၂၃)ရက်နေ့မှ (၁၂.၁၁.၂၀၂၃)ရက်နေ့ထိ ပုသိမ်မြို့ကိုးသိန်းအားကစားရုံတွင်ကျင်းပြုပလုပ်ခဲ့ပြီး (၁၂.၁၁.၂၀၂၃)ရက်နေ့ ညနေ(၁၅၀၀)နာရီအချိန်တွင် ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဘော်လီဘောလူမှုရေးအသင်း ဥက္ကဌနှင့်အမှုဆောင်များ၊တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ဗိုလ်လုပွဲအဖြစ် ရွှေပုသိမ်(U25)နှင့် golden brother (U25) အသင်းတို့ယှဉ်ပြိုင်ကစားရာ ရွှေပုသိမ်က သုံးပွဲ၊ တစ်ပွဲဖြင့် ပထမဆုရရှိခဲ့ပါသည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကျင်းရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာဘော်လီဘောလူမှုရေးအသင်းမှ ဥက္ကဌနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ပထမဆုရရှိသော ရွှေပုသိမ်အသင်းအား ငွေသားဆု၊ ဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ပါသည်။


