ရေကြည်မြို့နယ်၊ ဇရပ်လှကျွေးရွာတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ရေကြည်မြို့နယ်အတွင်းရှိ ဇရပ်လှကျေးရွာ၊ (အ.ထ.က) ဇရပ်လှကျောင်း၌ ယနေ့ နံနက် ၁၁:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်မိုးမိုးခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က “ စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ရေကြည်မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဝင်းမေက “ ကလေးသူငယ်များဆိုင်ရာအခွင့်အရေးများ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားမှူးဒေါ်နှင်းနှင်းအေးက “ လူငယ်နှင့်အားကစား” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးပြောကြားခဲ့ပြီး အားကစားအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက်အားကစားဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဦးဝေယံထွန်း နည်းပြ/နည်းနစ်မှူးနှင့်အဖွဲ့က Physical Fitness Dance အကများ၊ Exercise is Medicine “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဉ်ကို ပျော်ရွှင်စွာ စုပေါင်းဆင်နွှဲခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၁၂:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


