အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ (အ.ထ.က_၁၃) ၌ လူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ(၁၀)။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လူငယ်လူရွယ်များ အသိပညာဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နဲ့ပြည့်စုံ၍ နိုင်ငံတော်နှင့် အမျိုးဘာသာ သာသနာကိုချစ်မြတ်နိုးသော လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီခွဲအချိန်တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ (အ.ထ.က_၁၃) ခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှုး ဦးတင်မောင်စိုးမှ လူငယ်နဲ့အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ နေပြည်တော်လူငယ်ရေးရာတာဝန်ခံ ဒုတိယညွန်ကြားရေးမှူး ဦးကြည်စိုးလင်းမှ လူငယ်နဲ့ဗလငါးတန်သိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြပြီး အဆိုပါ( အ.ထ.က)ကျောင်းသို့ အားကစားပစ္စည်းများပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး အခမ်းနားကိုရုပ်သိမ်းခဲ့ပါသည်။