အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယဗလအားကစားအဖွဲ့ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပြည်သူများသောင်းသောင်းဖျဖျကြိုဆို

ရန်ကုန် နိုဝင်ဘာလ(၁၂)ရက်။

ကိုရီးယားနိုင်ငံ၊ ဆိုးလ် မြို့၌ နိုဝင်ဘာ(၆)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပပြီးစီးခဲ့သည့် “ 14th WORLD BODY BUILDING AND PHYSIQUE SPORTS CHAMPIONSHIPS 2023” “ (၁၄)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ၂၀၂၃” တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦး‌ကျော်သန်းခေါင်းဆောင်၍ အားကစားသမားနှစ်ဦးပါဝင်သော နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယဗလအားကစားအဖွဲ့သည် ယနေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှုး ဦးညွန့်ဖေနှင့်ကော်မတီဝင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး (ညွှန်ကြားရေးမှုး)ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား ကျောင်းသူများ၊ပြည်သူများကအိုးစည်ဒိုးပတ်အကများဖြင့်သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။

နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယဗလအားကစားအဖွဲ့သည် Men’s Sports Physique( Up to 175 Cm) ပြိုင်ပွဲ၌ပထမ ရွှေတံဆိပ်ဆုကို ငြိမ်းချမ်းကရရှိခဲ့ပြီး ကာယဗလ ၇၀ ကီလိုတန်းပြိုင်ပွဲ၌ ဒုတိယငွေတံဆိပ်ဆုကို ရဲထွန်းနောင်ကရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲကိုနိုင်ငံပေါင်း ၄၈ နိုင်ငံမှ အားကစားသမားပေါင်း ၂၉၀ ဦးပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်းသိရသည်။