အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကရင်ပြည်နယ် ၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်းအား လိုက်လံကြည့်ရှုစစ်ဆေး
ကရင်ပြည်နယ် ၊ဘားအံမြို့ နိုဝင်ဘာ(၃)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ကရင်ပြည်နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နေ့လယ် (၂)နာရီအချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့ဇွဲကပင် အားကစားကွင်းတွင် တည်ဆောက်ပြီးစီးခဲ့သော ပွဲကြည့်စင်များ၊ ဇွဲကပင်အားကစားကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တည်ဆောက်ရန်လျာထားသည့်မြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။


