အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန အသက်မွေးဝမ်းကျောင်းနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဆင်းပွဲအခမ်းအနား
နေပြည်တော်၊ ဇူလိုင် (၂၆)ရက်။
လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး အသက်မွေးဝမ်းကျောင်းပညာရေး နှင့် လက်တွေ့လုပ်ငန်းနယ်ပယ်များတွင် ဆက်စပ်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဆင်းပွဲ အခမ်းအနား ကို ယနေ့မွန်းလွဲ(၁၅:၀၀)နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဌာနခွဲညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းနည်းပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၂) ကို ဇူလိုင်(၂၁) ရက်မှ (၂၆)ရက်အထိ လူငယ်ရေးရာဦးစီးဌာန သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ရာ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆရာမဒေါ်စုလှိုင်မြင့်(ဦးစီးအရာရှိ)နှင့် ဒေါ်ရီရီဝင်း(ဒုတိယဦးစီးမှူး)တို့မှ သင်ခန်းစာများအား စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းများ၏ မိသားစုဝင် သင်တန်းသား/သင်တန်းသူ(၂၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။




