အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း အားကစားလေ့ကျင့်ရေးရုံများကြည့်ရှုစစ်ဆေး

ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာပညာဦးစီးဌာနရုံးဟောင်းသို့ ရောက်ရှိပြီး ကြည့်ရှုစစ်‌ဆေးခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုက္ကဆံကွင်းအတွင်းရှိ မြန်မာနိုင်ငံခရစ်ကက်အားကစားအဖွဲ့ချုပ်က အားကစားသမားများ လေ့ကျင့်ရန်ကွင်းပြင်ဆင်နေမှုများ ၊ မိုးလုံလေလုံ အားကစားရုံအား အမိုးများ လဲလှယ်တပ်ဆင်ရန်ပြင်ဆင်နေမှုများ ၊ ကြမ်းခင်းများ ခင်းကျင်းရန် ပြင်ဆင်ထားမှုအ‌ခြေအနေများကိုကြည့်ရှုစစ်‌ဆေးခဲ့ပါသည်။

ဆက်လက်၍ ပဏာမလက်ရွေးစင်အားကစားသမားများအတွက် ဖွင့်လှစ်ကုသပေးလျက်ရှိသည့် အားကစားဆေးဘက်ဌာနခွဲ ဆေးခန်း သို့ရောက်ရှိ၍ ကုသမှုဆိုင်ရာ စက်ပစ္စည်းများ ထားရှိမှုတို့အားကြည့်ရှုစစ်ဆေး၍လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။