အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ အောက်တိုဘာ(၂၈)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ၊ ခရိုင် အားကစားကွင်းအတွင်း တည်ဆောက်လျက်ရှိသည့် အုတ်တံတိုင်းကာရံခြင်းလုပ်ငန်းနှင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောက်ရွက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးနှင့် ကိုက်ညီပြီး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးလေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာ့လေကြောင်းလိုင်းဖြင့် ဆက်လက်ထွက်ခွာခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ သွားရောက်၍ လက်ဝှေ့အားကစားနည်း၊ တိုက်ကွမ်ဒိုအားကစားနည်းနှင့် ဝူရှူးအားကစားနည်းတို့မှ သင်တန်းသား/ သင်တန်းသူများ၏ လေ့ကျင့် နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားမောင်မယ်များ၏ လိုအပ်ချက်များကို ထောက်ပံ့ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။



