အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့လက်ရွေးစင် ပီတန်းအားကစားသမားများ၏ လက်ရည်စမ်းစစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေး
နေပြည်တော်၊ ဖေဖော်ဝါရီ(၂)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့ညနေ ပိုင်းတွင် နေပြည်တော်ရှိ ပီတန်းအားကစားကွင်း၌ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ပီတန်းအားကစားသမားများ၏ လက်ရည်စမ်းစစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှု အားပေးခဲ့ပြီး ဆုရရှိခဲ့ကြသည့် ပထမ မသဲစုစုအောင်၊ ဒုတိယ မခင်ချယ်ရီသက်၊ တတိယ မောင်ဝင်းသူရိန်ထွန်းတို့အား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။




