အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ဆက်လက်ကျင်းပနေမှုအား လိုက်လံကြည့်ရှုအားပေးသည့်သတင်း
နေပြည်တော်၊ ဇန်နဝါရီ(၂၁)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ ယနေ့ နံနက်(၈)နာရီ အချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအတွင်းရှိ ပြေးခုန်ပစ်အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ လက်ဝှေ့အားကစားရုံရှိ ပိုက်ကျော်ခြင်း အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဘော်လီဘောအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


