အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမအားကစားနည်းပြိုင်ပွဲအသွင် ဆန်းစစ်ပြိုင်ပွဲ ကြည့်ရှုအားပေး
နေပြည်တော်၊ ဇန်နဝါရီ (၁1)။
၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အလေးမအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများကို ဝိတ်တန်းအလိုက် ပြိုင်ပွဲအသွင်ဆန်းစစ်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးကျော်စိုးမိုးနှင့် မြန်မာနိုင်ငံအလေးမအားကစားအဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ အလေးမအားကစားနည်းပြိုင်ပွဲအသွင် ဆန်းစစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၄၅)ကီလိုတန်းတွင် ဇင်မေဦးကလည်းကောင်း၊ (၄၉)ကီလိုတန်းတွင် ပြည့်ပြည့်ဖြိုးကလည်းကောင်း၊ (၅၉)ကီလိုတန်းတွင် နော်တဘိုးရာကလည်းကောင်း၊ (၇၁)ကီလိုတန်းတွင် ခိုင်သဇင်သင်းကလည်းကောင်း၊ အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၆၇)ကီလိုတန်းတွင် သီဟအောင်ကလည်းကောင်း၊ (+၈၉)ကီလိုတန်းတွင် ရန်မျိုးကျော်ကလည်းကောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ကြောင်း သိရသည်။





