အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် တောင်ကြီးတက္ကသိုလ်တို့ပေါင်းစပ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ
တောင်ကြီးမြို့ ၊ ဇန်နဝါရီ (၁၀)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် တောင်ကြီးတက္ကသိုလ်တို့ပေါင်းစပ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲ အခမ်းအနားကို (၉.၁.၂၀၂၃) ရက်နေ့ ညနေ (၁၅:၀၀) အချိန်တွင် တောင်ကြီးတက္ကသိုလ် ဘောလုံးကွင်း၌ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးချုပ်တင်ကိုကို၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်လွတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး ပါဝင်ယှဉ်ပြိုင်ကြမည့် အသင်းများအားလိုက်လံ နှုတ်ဆက်ပြီး ပထမဆုံး ပွဲအဖြစ် မြန်မာစာအသင်းနှင့် ရူပဗေဒအသင်းတို့၏ ယှဉ်ပြိုင်နေမှုအား အားပေးခဲ့ပါသည်။
ထို့နောက် တောင်ကြီးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီ ဘောလုံးပြိုင်ပွဲကို (၉.၁.၂၀၂၃)ရက်နေ့မှ (၂၂.၁.၂၀၂၃) ရက်နေ့အထိ အမျိုးသား(၁၃)သင်း ၊ အမျိုးသမီး(၈)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။




