အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးရာထူးနေရာများသို့ ခန့်ထားနိုင်ရေး ရေးဖြေစာမေးပွဲကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ (၁၀)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ရာထူးနေရာများသို့ ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Media Room ၌ ကျင်းပပြုလုပ်ခဲ့ရာ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူ(၂၂)ဦး လာရောက်ဖြေဆိုခဲ့သည်။
အဆိုပါ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းသို့ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆို အောင်မြင်သူများကို လူတွေ့အရည်အချင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်နိုင်ရန် အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။




