အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)နှင့်(C)တို့၌ လျှာထိုးကြမ်းခင်း ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေ လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ နိုဝင်ဘာ(၂၁)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်(၉:၃၀)နာရီအချိန်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဘတ်ဂျက်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိ(A)ရုံ၌ မဏိကမ္ဘာကုမ္ပဏီနှင့် ဝဏ္ဏသိဒ္ဓိ(C)ရုံ၌ ခန့်တည်ကြည်ကုမ္ပဏီတို့ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လျှာထိုးကြမ်းခင်းပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိမရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။




