အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ထိုင်းဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စံချိန်ယူလူရွေးပွဲကြည့်ရှုအားပေး
နေပြည်တော်၊ အောက်တိုဘာ(၂၇)။
မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ကြီးမှူး၍ ၂၀၂၂ခုနှစ်၊ ထိုင်းနိုင်ငံတွင် နိုဝင်ဘာလ(၂၈)ရက်နေ့မှ ဒီဇင်ဘာလ(၁)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ထိုင်းဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စံချိန်ယူလူရွေးချယ်ပွဲကို ယနေ့နံနက် (၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါလူရွေးချယ်ပွဲသို့ ပြိုင်ပွဲဝင် အားကစားသမား စုစုပေါင်း(၅၀)ဦးတို့မှ ပြိုင်ပွဲအမျိုးအစား(၂၀)မျိုးတွင် လာရောက်အရွေးချယ်ခံခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။




