အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ၂၀၂၂/၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သေနတ်ပစ်ပြိုင်ပွဲကျင်းပ
ရန်ကုန်၊ ဇွန်လ(၂၈)ရက်နေ့။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ” ၂၀၂၂/၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သေနတ်ပစ်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိအပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားကွင်း၌ကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသေနတ်ပစ် အဖွဲ့ချုပ်မှ ဥက္ကဌနှင့် တာဝန်ရှိသူများတက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
ယနေ့ပထမနေ့ပွဲစဉ်များအဖြစ် 10m Air Rifle အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် မကေဇင်ဝါဝါကို (ရန်ကုန်တိုင်းဒေသကြီး)၊ မသွယ်သွယ်ဝင်း (ဧရာဝတီတိုင်းဒေသကြီး)၊ မတင်ဇာလင်း (မန္တလေးတိုင်းဒေသကြီး)၊ မမြတ်ဆုမွန်စံ (ရှမ်းပြည်နယ်)၊ မတင်ထိပ်ထား (မန္တလေးတိုင်းဒေသကြီး)၊ မဆုလတ်ပြည့် (ရန်ကုန်တိုင်းဒေသကြီး)၊ မခင်ရတနာကျော် (ဧရာဝတီတိုင်းဒေသကြီး) ၊ မမျိုးသိင်္ဂီကျော် (ရှမ်းပြည်နယ်)၊ မသန်းသန်းစိုး (တနင်္သာရီတိုင်း ဒေသကြီး)၊ မခက်ခက်တုံ (ဧရာဝတီတိုင်းဒေသကြီး)၊ မနှင်းယုယုဝင်း (မန္တလေးတိုင်းဒေသကြီး)၊ မအိအိထွန်း (ရန်ကုန်တိုင်းဒေသကြီး)၊ မဆုမြတ်မွန် (ပဲခူးတိုင်းဒေသကြီး)၊ မနှင်းသီရိဝေ (ပဲခူးတိုင်းဒေသကြီး)၊ မသဉ္ဇာထက် (ပဲခူးတိုင်းဒေသကြီး)၊ မမေသရဖီ (မွန်ပြည်နယ်)၊ မမို့မို့အောင် (တနင်္သာရီတိုင်းဒေသကြီး)၊ မမျိုးသီရိဟန် (မွန်ပြည်နယ်)၊ မနှင်းသဇင် (မွန်ပြည်နယ်) ၊ မရွှေစင်ဝင်း (ရှမ်းပြည်နယ်)တို့ ယှဉ်ပြိုင်ကစားကြရာ မကေဇင်ဝါဝါကို (ရန်ကုန် တိုင်းဒေသကြီး)မှ ရမှတ် (၆၀၈.၉) ဖြင့် ပထမ၊ မသွယ်သွယ်ဝင်း (ဧရာဝတီတိုင်းဒေသကြီး)မှ ရမှတ် (၅၉၈.၂) ဖြင့် ဒုတိယ ၊ မတင်ဇာလင်း (မန္တလေးတိုင်းဒေသကြီး)မှ ရမှတ် (၅၈၃.၀) ဖြင့် တတိယကို လည်းကောင်းရရှိခဲ့ပါသည်။
10m Air Pistol အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မဇူလိုင်ထွန်း (မန္တလေးတိုင်းဒေသကြီး)၊ မအိအိမျိုး (မန္တလေးတိုင်းဒေသကြီး)၊ မယုနန္ဒာထွန်း (ရှမ်းပြည်နယ်)၊ မယမင်းအဉ္စလီ (ရန်ကုန်တိုင်းဒေသကြီး)၊ မငုဝါဝင်း (ရန်ကုန်တိုင်းဒေသကြီး)၊ မစန္ဒာစုစုထက် (ရှမ်းပြည်နယ်)၊ မခိုင်သရဖူ (ပဲခူးတိုင်းဒေသကြီး)၊ မဖူးဖူးဇင်မင်း (ရှမ်းပြည်နယ်)၊ မသဇင်ဝေ (မန္တလေးတိုင်းဒေသကြီး)၊ မနှင်းနှင်းဝေ (တနင်္သာရီတိုင်းဒေသကြီး)၊ မမာမာဝေ (ရန်ကုန်တိုင်းဒေသကြီး)၊ မကေကေခိုင်ထူး (ပဲခူးတိုင်းဒေသကြီး)၊ မဝေမာဖြိုး (တနင်္သာရီတိုင်းဒေသကြီး)၊ မနှင်းနန္ဒာလွင် (ဧရာဝတီတိုင်းဒေသကြီး)၊ မအေးအေးအောင် (မွန်ပြည်နယ်)၊ မထက်ထက်အောင် (မွန်ပြည်နယ်)၊ မမေမီဦး (မွန်ပြည်နယ်)၊ မထက်ထက်ဝင်း (တနင်္သာရီတိုင်းဒေသကြီး)၊ မဝင့်ဝါဖြိုးအောင် (ဧရာဝတီ တိုင်းဒေသကြီး)၊ မသီရိစံ (ပဲခူးတိုင်းဒေသကြီး)၊ မအေကရီစိုး (ဧရာဝတီတိုင်းဒေသကြီး) တို့ယှဉ်ပြိုင်ကစားကြရာ မဇူလိုင်ထွန်း (မန္တလေးတိုင်းဒေသကြီး)မှ ရမှတ်(၅၃၉)ဖြင့် ပထမ ၊မယုနန္ဒာထွန်း (ရှမ်းပြည်နယ်)မှ ရမှတ် (၅၁၉) ဖြင့် ဒုတိယ၊ မယမင်းအဉ္စလီ (ရန်ကုန်တိုင်းဒေသကြီး)မှ ရမှတ် (၅၁၃) ဖြင့် တတိယရရှိခဲ့ပါသည်။
10m Air Rifle အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်း၊ မွန်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ရမှတ် (၁၇၁၁.၅) ဖြင့် ပထမ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ရမှတ်(၁၇၀၅.၇)ဖြင့် ဒုတိယ ၊မန္တလေးတိုင်းဒေသကြီးအသင်း ကရမှတ် (၁၆၉၂.၄) ဖြင့် တတိယရရှိခဲ့ပါသည်။
10m Air Pistol အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်း၊ မွန်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက ရမှတ် (၁၅၄၅) ဖြင့် ပထမ ၊ ရှမ်းပြည်နယ်အသင်းက ရမှတ် (၁၅၁၈) ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ရမှတ် (၁၅၀၇) ဖြင့် တတိယရရှိခဲ့ပါသည်။
25m Pistol အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် မောင်မင်းမင်း (မန္တလေးတိုင်းဒေသကြီး)၊ မောင်အေးမင်းကို (ရှမ်းပြည်နယ်)၊ မောင်အောင်ပြည့်ဖြိုး (မွန်ပြည်နယ်)၊ မောင်အောင်မျိုးသိုက် (ရန်ကုန်တိုင်းဒေသကြီး)၊ မောင်ထက်တင်ဦး (ပဲခူးတိုင်းဒေသကြီး) နှင့် မောင်လှိုင်မင်းထွန်း (ဧရာဝတီတိုင်းဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာ မောင်မင်းမင်း (မန္တလေးတိုင်းဒေသကြီး)မှ ရမှတ် (၅၆၃) ဖြင့် ပထမ၊ မောင်အေးမင်းကို (ရှမ်းပြည်နယ်)မှ ရမှတ် (၅၄၇) ဖြင့် ဒုတိယ၊ မောင်အောင်ပြည့်ဖြိုး (မွန်ပြည်နယ်)မှ ရမှတ် (၄၆၄) ဖြင့် တတိယရရှိခဲ့ပါသည်။
ကျန်ရှိသောပွဲစဉ်များနှင့် ဆုပေးပွဲအခမ်းအနားအား (၂၉.၆.၂၀၂၂)ရက်နေ့တွင် ဆက်လက် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


