အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဌာနခွဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိ/ရုံးအုပ်/ဌာနခွဲစာရေးတို့နှင့် အဆင့်တူရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် လူတွေ့စစ်ဆေးခြင်းပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီ (၃၁)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဌာနခွဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိ/ ရုံးအုပ်/ ဌာနခွဲစာရေးတို့နှင့်အဆင့်တူ ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသူများအား ရေးဖြေစာမေးပွဲကို ယမန်နေ့ကစစ်ဆေးခဲ့ပြီး ဖြေဆို အောင်မြင်သူများကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ လူတွေ့အရည်အချင်း စစ်ဆေးခြင်းကို ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစန်းချိုတို့မှ စစ်ဆေးမေးမြန်းခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။




