အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး လူငယ်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင် လေ့ကျင့်လျက်ရှိသော အားကစားသမားများအား လိုက်လံကြည့်ရှု အားပေးစကားပြောကြား
နေပြည်တော် ၊ ဧပြီလ (၃)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ဦးဆောင် ၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်း၌ (၃၂)ကြိမ်မြောက် SEA Games ပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစတင်ကာ လူငယ်အားကစားလေ့ကျင့်ရေးစခန်းကို ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိပြီး အားကစားသမားများလေ့ကျင့်မှု ကာလ (၃) လအတွင်း ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် နည်းစနစ်ပိုင်းတိုးတက်မှုဆန်းစစ်ချက် စစ်ဆေးမှုများပြုလုပ်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအနေဖြင့်လာမည့် နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ယခုအချိန်ကတည်းက နည်းစနစ်မှန်မှန် ၊ ပြင်းပြင်းထန်ထန် ၊ထိထိရောက်ရောက်ကြိုးစား လေ့ ကျင့်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းမျဉ်း/စည်းကမ်းများအတိုင်း သွားလာနေထိုင်လေ့ကျင့်ကြရန်နှင့် အခက်ခဲများလိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။




