အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ကျောင်းသား/ကျောင်းသူများ စိတ်ဓာတ်ခွန်အားမြှင့်တင်စေရန် ဟောပြောပွဲကျင်းပ
ရန်ကုန်၊ စက်တင်ဘာ (၃)ရက်။
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ကျောင်းသား/ကျောင်းသူများအား၊ အားကစားနည်းအလိုက် အားကစားထူးချွန်၍ နိုင်ငံ့လက်ရွေးစင်ဖြစ်စေရန်နှင့် စိတ်ဓာတ်ခွန်အား မြှင့်တင်စေရန်အတွက်ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီက ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာပညာသိပ္ပံ စုပေါင်းစားရိပ်သာ၌ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင်ဟောင်း ဘော်လီဘောအားကစားသမားကြီး၊ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဦးစိုးသိန်းက လေ့ကျင့်ရေး၊ ပညာရေး၊ စိတ်ဓာတ်စည်းကမ်းပိုင်းနှင့် မိမိ၏အားကစားနည်း အတွေ့အကြုံ၊ အောင်မြင်မှုနှင့် ဆုရရှိပြီး ရာထူးအဆင့်ဆင့်တိုးတက်ဂုဏ်ပြုခံခဲ့ရသည့် အားကစားဘဝ ဖြတ်သန်းလာမှုအား ကျောင်းသား/ ကျောင်းသူများအား စိတ်ဓာတ်ခွန်အား မြှင့်တင်စေရန် ဟောပြောပို့ချခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူ၊ ဦးသိုင်းထွန်းဇော်နှင့် နည်းပြဆရာ/ဆရာမများ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။



