အသက်(၁၅)နှစ်အောက် လူငယ်လိဂ်ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ(၂၄)။
အသက်(၁၅)နှစ်အောက် လူငယ်လိဂ်ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လည်(၁)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။




