အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ
နေပြည်တော်၊ ဇန်နဝါရီ(၁၇)။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်ထုများအား လာရောက်ကြည့်ရှုလေ့လာခဲ့သည်ကို လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ပြခန်းတာဝန်ရှိသူတစ်ဦးက လိုက်လံ ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။


