အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ
အားကစားနှင့်ကာယပညာသိပ္ပံများဖွင့်လှစ်ရသည့် ဦးတည်ချက် (၄)ချက်
(၁) မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ်ရေးတွင် အထောက်အကူပြုစေရန်။
(၂) ဒေသအလိုက် ရွက်ပုန်းသီး၊ ထူးချွန်အားကစားသမားများ ပိုမိုပေါ်ထွက်လာစေရန်။
(၃) မြန်မာ့အားကစားအောင်မြင်မှုများတွင် ဒေသအသီးသီးမှ တိုင်းရင်းသားများအားလုံးပါဝင်နိုင်စေရန်။
(၄) ဒေသအလိုက် အားကစားလုပ်ငန်းများဖွံ့ဖြိုးပြီး တိုင်းရင်းသားပြည်သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန်။
အား/ကာသိပ္ပံ ကျောင်းများ | စတင်ဖွင့်လှစ်သည့်နေ့ | အကျယ်အဝန်း | တည်နေရာ | ဆက်သွယ်ရန် ဖုန်း |
ရန်ကုန် | ၂၇.၇.၁၉၉၂ | (၁၄၂.၉၆၇)ဧက | ကျိုက္ကဆံကွင်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ | ၀၁-၅၄၀၆၈၄ |
မန္တလေး | ၁.၆.၂၀၀၂ | (၈၉.၀၉)ဧက | (၆၈)လမ်းနှင့် (၇၃)လမ်းကြား၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြား၊ မြို့သစ် (၁)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ | ၀၂-၄၀၈၀၉၀၀ ၀၂-၄၀၈၀၉၃၆ |
မော်လမြိုင် | ၉.၆.၂၀၁၄ | (၅၈.၈၆)ဧက | ခြောက်မိုင်၊ ကျွဲခြံကုန်းရပ်ကွက်၊ ကျိုက်မရောမြို့နယ်၊ မွန်ပြည်နယ်။ | |
တောင်ကြီး | ၁၇.၁၀.၂၀၁၄ | (၄၃.၅၆၈)ဧက | နယ်မြေ(၁)၊ ရပ်ကွက်(၁)၊ မုံတဝရွာအနောက်၊ အကွက်အမှတ်(၈၆)၊ သစ်ပင်ထောင်ရပ်ကွက်၊ အေးသာယာ၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်။ | |
မုံရွာ | ၂၈.၃.၂၀၁၆ | (၃၇.၂၉)ဧက | အနော်ရထာလမ်းနှင့် စည်သူလမ်းထောင့်၊ နန္ဒဝန်ရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ | ၀၇၁-၂၆၅၇၅ |
လွိုင်ကော် | ၂၁.၁၀.၂၀၁၇ | (၃၄.၆၈)ဧက | လွိုင်ကော်-ပင်လောင်းအဝေးပြေးလမ်းမကြီး၊ ကန္ဒာရဝတီအားကစားရင်ပြင်-(ကျောင်းသားအားကစားကွင်း)၊ ကယားပြည်နယ်။ | ၀၈၃-၂၂၂၄၁၈၈ |
ဟားခါး | တည်ဆောက်ဆဲ | (၅၆.၉၄)ဧက | ||
စစ်တွေ | တည်ဆောက်ဆဲ | (၅၀.၄၆)ဧက |
လေ့ကျင့်သင်ကြားပေးသည့်အားကစားနည်းများ (၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်)
အား/ကာ သိပ္ပံကျောင်းများ | အားကစားနည်းများ |
ရန်ကုန် (၂၂)နည်း | ရေကူး/ဒိုင်ဗင်၊ မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ လှေလှော်၊ စက်ဘီး၊ ဘောလုံး(ကျား/မ)၊ ဖူဆယ်၊ ကျွမ်းဘား၊ ဂျူဒို၊ ကရာတေး၊ ရွက်လှေ၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ဘော်လီဘော၊ အလေးမ၊ ဝူရှူး(ထောက်လု/ဆန်းဆို) |
မန္တလေး (၂၀)နည်း | မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ စက်ဘီး၊ ဘောလုံး(ကျား/မ)၊ ဖူဆယ်၊ ကျွမ်းဘား၊ ဂျူဒို၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ဘော်လီဘော၊ အလေးမ၊ ဝူရှူး (ထောက်လု/ဆန်းဆို) |
မော်လမြိုင် (၁၀)နည်း | ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ ဘောလုံး(ကျား/မ)၊ ဂျူဒို၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ အလေးမ |
တောင်ကြီး (၁၀)နည်း | ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ ဘောလုံး(ကျား/မ)၊ ဂျူဒို၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ဘော်လီဘော |
မုံရွာ (၁၀)နည်း | ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ ဘောလုံး(ကျား/မ)၊ ဂျူဒို၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ အလေးမ |
လွိုင်ကော် (၁၀)နည်း | ရေကူး၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ ဘောလုံး(ကျား/မ)၊ ဂျူဒို၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဘော်လီဘော |
ဟားခါး | |
စစ်တွေ |
သင်တန်းသားရွေးချယ်မှု စံသတ်မှတ်ချက်များ အရပ်၊ ကိုယ်အလေးချိန်နှင့် အရည်အချင်းသတ်မှတ်ခြင်း
စဉ် | အတန်း | ကျား | မ | မှတ်ချက် | ||||
၁ | ဆဋ္ဌမတန်း (Grade 7) | (၁၁/၁၂) နှစ်အတွင်း | ၅’၂” | ၉၅ ပေါင် | (၁၁/၁၂) နှစ်အတွင်း | ၅’ | ၈၅ ပေါင် | |
၂ | သတ္တမတန်း (Grade 8) | (၁၂/၁၃) နှစ်အတွင်း | ၅’၄” | ၁၀၀ ပေါင် | (၁၂/၁၃) နှစ်အတွင်း | ၅’၂” | ၉၅ ပေါင် | |
၃ | အဋ္ဌမတန်း (Grade 9) | (၁၃/၁၅) နှစ်အတွင်း | ၅’၆” | ၁၁၀ ပေါင် | (၁၃/၁၅) နှစ်အတွင်း | ၅’၄” | ၁၀၀ ပေါင် | |
၄ | နဝမတန်း (Grade 10) | (၁၄/၁၆) နှစ်အတွင်း | ၅’၆” | ၁၂၀ ပေါင် | (၁၄/၁၆) နှစ်အတွင်း | ၅’၄” | ၁၁၀ ပေါင် |
မှတ်ချက်။ ဆဋ္ဌမတန်းနှင့် သတ္တမတန်းသို့ တက်ရောက်မည့် သင်တန်းသား/သူများကို ရေကူး၊ ကျွမ်းဘားနှင့် ဝူရူးကစားနည်းများအတွက် ဦးစားပေးရွေးချယ်ခြင်း၊ အဋ္ဌမတန်းနှင့် နဝမတန်းအတွက် သင်တန်းသားရွေးချယ်မှုအား ၎င်းတို့၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ အားကစားနည်းအလိုက် ကျွမ်းကျင်မှု၊ စိတ်ပါဝင်စားမှုနှင့် ဆန္ဒပြင်းပြသူများကိုသာ ဦးစားပေးစိစစ်ရွေးချယ်ခြင်း။
ရွေးချယ်မည့် သင်တန်းသားအရည်အချင်းသတ်မှတ်ချက်
(က) အရပ်နှင့်အလေးချိန် အချိုးအစားပြေပြစ်သူဖြစ်ရမည်။
( ခ ) ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းသူဖြစ်ရမည်။
( ဂ ) မျက်မှန်တပ်ထားသူ မဖြစ်စေရ။
(ဃ) အသက်အရွယ်အလိုက် ကိုယ်ခန္ဓာဖွံ့ဖြိုးမှု ပုံမှန်ရှိသူဖြစ်ရမည်။
( င ) မျိုးရိုးဗီဇအားဖြင့် ထူးချွန်နိုင်သူဖြစ်ရမည်။
( စ ) ဉာဏ်ရည်ဉာဏ်သွေးနှင့် ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်သူဖြစ်ရမည်။
(ဆ) အားကစားကိုစိတ်ပါဝင်စားပြီး ဆန္ဒပြင်းပြသူ ဖြစ်ရမည်။
( ဇ ) မြန်မာ့လက်ရွေးစင် အားကစားသမား ဖြစ်လိုစိတ် ဆန္ဒရှိသူဖြစ်ရမည်။
သင်တန်းသားရွေးချယ်စစ်ဆေးမှုများ
(က) လျှောက်လွှာများနှင့်လိုအပ်သောအထောက်အထားစာရွက်စာတမ်းများအား စစ်ဆေးခြင်းနှင့် မှတ်ပုံတင်ခြင်း။
( ခ ) ကိုယ်ခန္ဓာကြီးထွားမှု (အရပ်၊ ကိုယ်အလေးချိန်) မျက်မြင်အကဲဖြတ် စစ်ဆေးခြင်း။
( ဂ ) ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်း။
– လျှင်မြန်မှု မီတာ(၁၀၀)
– အပေါ်ပိုင်းခွန်အား လက်ထောက်မှောက်တွန်းတင်
– အောက်ပိုင်းခွန်အား ရပ်လျှက်အလျားခုန်
– ဝမ်းဗိုက်ကြွက်သား အိပ်ထမတင်
– ခံနိုင်စွမ်းရည် ကျား(မီတာ-၈၀၀)/ မ(မီတာ-၄၀၀)
(ဃ) ဆေးစစ်ဆေးခြင်း။
( င ) အထွေထွေဗဟုသုတနှင့် ဉာဏ်ရည်စစ်ဆေးခြင်း။
( စ ) Psycho Test ရေးဖြေစစ်ဆေးခြင်း။
(ဆ) လူတွေ့စစ်ဆေးခြင်း။
သင်တန်းကာလအတွင်း ပံ့ပိုးမှုအခြေအနေ
-
လစဉ်ထောက်ပံ့ကြေး အလယ်တန်း(၈၀၀၀/-)၊ အထက်တန်း (၁၀၀၀၀/-)
-
အားကစားဝတ်စုံနှင့် အထောက်အကူပြုပစ္စည်းများ
-
ပြိုင်ပွဲသုံးဝတ်စုံနှင့် အထောက်အကူပြုပစ္စည်းများ
-
အိပ်ရာအသုံးအဆောင်ပစ္စည်းများ
-
အဓိက/အသုံးတူပစ္စည်းများ
-
ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ
-
ဆေးကုသစရိတ်နှင့် အားဆေး
-
ကျွေးမွေးထောက်ပံ့မှု တစ်ရက် (၃၅၀၀/-) ကျပ်နှုန်း
အားကစားအချိန်ခွဲဝေ လေ့ကျင့်သင်ကြားပေးမည့်အခြေအနေ | ||
ကာလ | ဇွန်လ မှ သြဂုတ်လ အထိ | |
ပထမ(၃)လပိုင်း | ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ ခံနိုင်ရည်စွမ်းအားတိုးတက်မှု၊ လေ့ကျင့်ခန်း၊ သက်လုံနှင့် လျင်မြန်မှုလေ့ကျင့်ခန်း၊ ခွန်အားကောင်းရန် လေ့ကျင့်ခန်းများကို ၆၀% လေ့ကျင့်ပေးခြင်း။ | အားကစားနှင့်သက်ဆိုင်သော နည်းစနစ်ကျွမ်းကျင်မှု |
ကာလ | စက်တင်ဘာလ မှ ဒီဇင်ဘာလ အထိ လေ့ကျင့်မှုဇယား | |
ဒုတိယ(၄)လပိုင်း | ကိုယ်ခန္ဓာကြံခိုင်မှု၊ ခံနိုင်ရည်စွမ်းအား တိုးတက်မှုလေ့ကျင့်ခန်း၊ သက်လုံနှင့် လျင်မြန်မှုလေ့ကျင့်ခန်းများကို ၅၀% လေ့ကျင့်ပေးခြင်း။ | အားကစားနှင့်သက်ဆိုင်သော ဥပဒေများ နည်းစနစ်များ ကျွမ်းကျင်မှု နည်းဗျူဟာ ကျွမ်းကျင်မှု တဦးချင်းတိုးတက်မှု များကို ၅၀% လေ့ကျင့်ပေးခြင်း။ |
ကာလ | ဇန်နဝါရီလ မှ မတ်လ အထိ လေ့ကျင့်မှုဇယား | |
တတိယ(၃)လပိုင်း | ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ ခံနိုင်ရည်ရှိမှု၊ ခွန်အားကောင်းအောင် | အားကစားနှင့်သက်ဆိုင်သော နည်းစနစ်များ နည်းဗျူဟာများ ကျွမ်းကျင်မှု၊ အားကစား တဦးချင်းပြိုင်ပွဲ ဝင်ရောက်စိတ်ဓါတ်၊ အသင်းအောင်နိုင်ရေးစိတ်ဓါတ် တို့ကို ၇၀% အထိကာလပိုင်းခွဲလျက် လေ့ကျင့်ပေးပါသည်။ |
အားကစားနှင့်ကာယပညာသိပ္ပံ သင်တန်းသားများ၏ တစ်နေ့တာလေ့ကျင့်မှုအချိန်ဇယား
စဉ် | အချိန် | ၀၅:၃၀ | ၀၆:၀၀ | ၀၇:၃၀ | ၀၈:၀၀ | ၀၈:၄၀ | ၀၉:၂၀ | ၁၀:၀၀ | ၁၀:၄၀ | ၁၀:၅၀ | ၁၁:၃၀ |
၁ | တနင်္လာ | နံနက်အိပ်ရာထ /ကိုယ်လက်သန့်စင်ချိန် | သွေးပူလေ့ကျင့်ချိန် | ကိုယ်လက်သန့်စင်/နံနက်စာစားချိန်/ကျောင်းတက်ရန်ပြင်ဆင်ခြင်း | ပညာသင်ချိန်(၁) | ပညာသင်ချိန်(၂) | ပညာသင်ချိန်(၃) | ပညာသင်ချိန်(၄) | ခေတ္တအနားပေးချိန် | ပညာသင်ချိန်(၅) | ပညာသင်ချိန်(၆) |
၂ | အင်္ဂါ | ||||||||||
၃ | ဗုဒ္ဓဟူး | ||||||||||
၄ | ကြာသပတေး | ||||||||||
၅ | သောကြာ | ||||||||||
၆ | စနေ | စစ်ရေးပြ/ ကျောင်းတွင်း/ ပြင် သန့်ရှင်းရေးလုပ်အားပေး | |||||||||
၇ | တနင်္ဂနွေ | နံနက်ပိုင်း | နံနက်စာစားချိန် | ကျောင်းတွင်း/ ပြင် | ကိုယ်ပိုင်ချိန် |
စဉ် | အချိန် နေ့ရက် | ၁၂:၁၀ ၁၂:၄၀ | ၁၂:၄၀ ၁၄:၃၀ | ၁၂:၄၀ ၁၄:၀၀ | ၁၆:၃၀ ၁၇:၃၀ | ၁၇:၃၀ ၁၈:၀၀ | ၁၈:၀၀ ၁၉:၀၀ | ၁၉:၀၀ ၂၁:၀၀ | ၂၁:၀၀ ၂၁:၃၀ |
၁ | တနင်္လာ | ထမင်းစားချိန် | အိပ်စက်အနားယူချိန် | အိပ်စက်အနားယူချိန် | အားကစားလေ့ကျင့်ချိန် | ကိုယ်လက်သန့်စင်/အနားယူချိန် | ညစာစားချိန် | ညစာသင်ချိန်/စာကြည်ချိန် | ညအိပ်ရာဝင် ပြင်ဆင်/ကိုယ်လက်သန့်စင်ချိန် |
၂ | အင်္ဂါ | ||||||||
၃ | ဗုဒ္ဓဟူး | ||||||||
၄ | ကြာသပတေး | ||||||||
၅ | သောကြာ | ၁၄:၀၀ ၁၆:၃၀ | ကိုယ်ရည်ကိုယ်သွေးမြင့်မားစေ ရန်လေ့ကျင့်ချိန် | ||||||
၆ | စနေ | ဓမ္မစကြာရွတ်ဖတ်သင်ယူချိန် | ကိုယ်ပိုင်အားကစားပြုလုပ်ချိန် | ||||||
၇ | တနင်္ဂနွေ | ညစာကြည့်ချိန် |
အားကစားနှင့်ကာယပညာသိပ္ပံများတွင် ပညာသင်နှစ်အလိုက် သင်ကြားပေးသည့်အားကစားနည်းနှင့် သင်တန်းသားဦးရေ
ပညာ သင်နှစ် | ရန်ကုန် | မန္တလေး | မော်လမြိုင် | တောင်ကြီး | လွိုင်ကော် | မုံရွာ | ဟားခါး | စစ်တွေ | ||||||||
နည်း | ဦးရေ | နည်း | ဦးရေ | နည်း | ဦးရေ | နည်း | ဦးရေ | နည်း | ဦးရေ | နည်း | ဦးရေ | နည်း | ဦးရေ | နည်း | ဦးရေ | |
၁၉၉၇-၉၈ | ၁၀ | ၁၁၀ | – | – | – | – | – | – | – | – | – | – | – | – | – | – |
၁၉၉၈-၉၉ | ၁၃ | ၁၃၃ | – | – | – | – | – | – | – | – | – | – | – | – | – | – |
၁၉၉၉-၀၀ | ၁၂ | ၁၅၂ | – | – | – | – | – | – | – | – | – | – | – | – | – | – |
၂၀၀၀-၀၁ | ၁၂ | ၁၄၄ | – | – | – | – | – | – | – | – | – | – | – | – | – | – |
၂၀၀၁-၀၂ | ၁၂ | ၁၄၇ | – | – | – | – | – | – | – | – | – | – | – | – | – | – |
၂၀၀၂-၀၃ | ၈ | ၁၄၁ | ၅ | ၁၅၀ | – | – | – | – | – | – | – | – | – | – | – | – |
၂၀၀၃-၀၄ | ၁၄ | ၁၈၆ | ၇ | ၁၆၉ | – | – | – | – | – | – | – | – | – | – | – | – |
၂၀၀၄-၀၅ | ၁၅ | ၂၃၈ | ၈ | ၂၁၄ | – | – | – | – | – | – | – | – | – | – | – | – |
၂၀၀၅-၀၆ | ၁၄ | ၂၄၅ | ၉ | ၂၉၇ | – | – | – | – | – | – | – | – | – | – | – | – |
၂၀၀၆-၀၇ | ၁၄ | ၂၆၇ | ၁၀ | ၂၈၁ | – | – | – | – | – | – | – | – | – | – | – | – |
၂၀၀၇-၀၈ | ၁၈ | ၂၃၇ | ၁၀ | ၂၉၁ | – | – | – | – | – | – | – | – | – | – | – | – |
၂၀၀၈-၀၉ | ၁၆ | ၂၃၃ | ၁၀ | ၂၆၀ | – | – | – | – | – | – | – | – | – | – | – | – |
၂၀၀၉-၁၀ | ၁၂ | ၂၂၉ | ၁၀ | ၂၄၀ | – | – | – | – | – | – | – | – | – | – | – | – |
၂၀၁၀-၁၁ | ၁၂ | ၃၄၄ | ၁၀ | ၃၀၀ | – | – | – | – | – | – | – | – | – | – | – | – |
၂၀၁၁-၁၂ | ၂၁ | ၃၅၁ | ၁၆ | ၃၆၀ | – | – | – | – | – | – | – | – | – | – | – | – |
၂၀၁၂-၁၃ | ၂၃ | ၄၂၀ | ၂၃ | ၅၂၀ | – | – | – | – | – | – | – | – | – | – | – | – |
၂၀၁၃-၁၄ | ၂၅ | ၅၂၅ | ၂၅ | ၅၈၆ | – | – | – | – | – | – | – | – | – | – | – | – |
၂၀၁၄-၁၅ | ၂၅ | ၅၆၄ | ၂၅ | ၅၇၈ | – | ၁၅၀ | ၁၀ | ၁၅၀ | – | – | – | – | – | – | – | – |
၂၀၁၅-၁၆ | ၃၃ | ၇၂၄ | ၃၃ | ၆၉၀ | – | ၂၃၀ | ၁၀ | ၂၃၀ | – | – | – | – | – | – | – | |
၂၀၁၆-၁၇ | ၂၅ | ၆၄၆ | ၂၆ | ၆၅၅ | – | ၂၅၀ | ၁၀ | ၂၅၀ | – | – | – | – | – | – | – | – |
၂၀၁၇-၁၈ | ၂၅ | ၅၁၄ | ၂၅ | ၄၈၄ | – | ၂၃၀ | ၁၀ | ၂၄၇ | ၁၀ | ၁၁၂ | ၁၀ | ၁၂၇ | – | – | – | – |
၂၀၁၈-၁၉ | ၂၂ | ၄၇၁ | ၂၂ | ၅၀၁ | – | ၂၃၁ | ၁၀ | ၂၄၄ | ၁၀ | ၁၄၇ | ၁၀ | ၁၉၆ | – | – | – | – |
၂၀၁၉-၂၀ | ၂၂ | ၄၃၈ | ၂၂ | ၄၈၃ | – | ၁၉၂ | ၁၀ | ၂၃၁ | ၁၀ | ၂၀၆ | ၁၀ | ၂၄၇ | – | – | – | – |
၂၀၂၁-၂၂ | ၂၂ | ၁၇၅ | ၂၂ | ၁၉၃ | – | ၅၇ | ၁၀ | ၅၈ | ၁၀ | ၅၈ | ၁၀ | ၁၀၄ | – | – | – | – |
အားကစားနှင့်ကာယပညာသိပ္ပံများမှ လက်ရွေးစင်အဖြစ်ရွေးချယ်ခံရသည့်စာရင်း
၁။ ရန်ကုန် – ၂၃၅
၂။ မန္တလေး – ၄၀၁
၃။ မော်လမြိုင် _ ၁၈
၄။ တောင်ကြီး – ၂၇
၅။ လွိုင်ကော် – ၉
စုစုပေါင်း – ၆၉၀
B.Sc(Sports) ဘာသာရပ်
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် အားကစားပညာသိပ္ပံဘွဲ့ B.Sc(Sports) ဘာသာရပ်ကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ ဒဂုံတက္ကသိုလ်တွင်သင်္ချာဌာနနှင့်လည်းကောင်း၊ ရတနာပုံတက္ကသိုလ်တွင် အရှေ့တိုင်းပညာဌာနနှင့်လည်းကောင်း တွဲဖက်ဖွင့်လှစ်ထားရှိပါသည်။
၂။ အား/ကာသိပ္ပံမှ တက္ကသိုလ်ဝင်တန်းအောင်များနှင့် ပြင်ပမှ တက္ကသိုလ်ဝင်တန်းအောင် အနက်မှ စိစစ်ရွေးချယ်၍ လက်ခံသင်ကြားပါသည်။
၃။ နိုင်ငံတော်မှ နေထိုင်စားသောက်မှု၊ ဝတ်စုံ(အားကစား/ကျောင်း)၊ ကျောင်းကြို/ပို့၊ ကျောင်းသုံးစာရေးကိရိယာ၊ ခရီးစရိတ်များအပြင် သင်ကြားသူပညာရှင်များ၏ ဉာဏ်ပူဇော်ခ၊ ခရီးစရိတ်များကိုပါ အလုံးစုံအကုန်အကျခံခဲ့ပါသည်။
၄။ စတင်ဖွင့်လှစ်သည့် (၂၀၁၃-၁၄)မှ (၂၀၁၈-၁၉)ထိ (၂၃၈)ဦး ဘွဲ့ရရှိခဲ့သည့်အနက် အား/ကာဦးစီးဌာနနှင့် ဆေးတက္ကသိုလ်များတွင် (၁၆)ဦးဝင်ရောက်အမှုထမ်းခဲ့ကြပါသည်။
အားကစားပညာသိပ္ပံဘွဲ့ B.Sc (Sports) အပ်နှံပြီး ကျောင်းသား/သူများစာရင်း
စဉ် | ပညာသင်နှစ် | ဒဂုံတက္ကသိုလ် | ရတနာပုံတက္ကသိုလ် | မှတ်ချက် | ||||
ကျား | မ | ပေါင်း | ကျား | မ | ပေါင်း | |||
၁ | ၂၀၁၆-၂၀၁၇ | ၁၅ | ၁၄ | ၂၉ | ၂၅ | ၁၆ | ၄၁ | ရိုးရိုးဘွဲ့ |
၂ | ၂၀၁၇-၂၀၁၈ | ၂၁ | ၈ | ၂၉ | ၁၂ | ၆ | ၁၈ | ရိုးရိုးဘွဲ့ |
၃ | ၂၀၁၇-၂၀၁၈ | ၁၀ | ၄ | ၁၄ | ၅ | ၈ | ၁၃ | ဂုဏ်ထူးတန်း |
၄ | ၂၀၁၈-၂၀၁၉ | ၂၅ | ၈ | ၃၃ | ၁၁ | ၉ | ၂၀ | ရိုးရိုးဘွဲ့ |
၅ | ၂၀၁၈-၂၀၁၉ | ၇ | ၈ | ၁၅ | ၁၃ | ၁၃ | ၂၆ | ဂုဏ်ထူးတန်း |
စုစုပေါင်း | ၇၈ | ၄၂ | ၁၂၀ | ၆၆ | ၅၂ | ၁၁၈ | ||
ဘွဲ့ရစုစုပေါင်း | ၁၂၀ | ၁၁၈ | ၂၃၈ |
အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ B.Sc(Sports) ဘာသာရပ်တက်ရောက်သင်ကြားနိုင်မှုအခြေအနေ
စဉ် | ပညာသင်နှစ် | သိပ္ပံ (ရန်ကုန်) | သိပ္ပံ (မန္တလေး) | သိပ္ပံ (မော်လမြိုင်) | သိပ္ပံ (တောင်ကြီး) | စုစုပေါင်း |
၁ | ၂၀၁၃-၂၀၁၄ | ၃ | ၈ | – | – | ၁၁ |
၂ | ၂၀၁၄-၂၀၁၅ | ၁၂ | ၉ | – | – | ၂၁ |
၃ | ၂၀၁၅-၂၀၁၆ | ၁၆ | ၂၄ | – | – | ၄၀ |
၄ | ၂၀၁၆-၂၀၁၇ | ၁၆ | ၁၁ | – | – | ၂၇ |
၅ | ၂၀၁၇-၂၀၁၈ | ၁၂ | ၁၈ | ၆ | ၇ | ၄၃ |
၆ | ၂၀၁၈-၂၀၁၉ | ၂၂ | ၂၆ | ၁၂ | ၁၀ | ၇၀ |
၇ | ၂၀၁၉-၂၀၂၀ | ၁၃ | ၁၈ | ၁၁ | – | ၄၂ |
စုစုပေါင်း | ၉၄ | ၁၁၄ | ၂၉ | ၁၇ | ၂၅၄ |