လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး၊ စာရင်းကိုင်-၄နှင့် ဒုတိယလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်း ကျင်းပပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီ(၂၀)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး၊ စာရင်းကိုင်-၄နှင့် ဒုတိယလလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနေရာများတွင်ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အငယ်တန်းစာရေး၊ စာရင်းကိုင်-၄နှင့် ဒုတိယလလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနေရာများတွင်သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူ စုစုပေါင်း (၂၂)ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။




