အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်ကာယပညာဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

( ၁ ) စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ

(က)  ဝန်ထမ်းရေးရာကိစ္စများဆောင်ရွက်ခြင်း၊

( ခ )  စီမံခန့်ခွဲရေးကိစ္စများဆောင်ရွက်ခြင်း၊

( ဂ )  ဘဏ္ဍာရေးဆိုင်ရာကိစ္စအဝဝဆောင်ရွက်ခြင်း၊

(ဃ)  သာမန်နှင့်ငွေလုံးငွေရင်း အသုံးစရိတ်ပါ ပစ္စည်းများ ဝယ်ယူသိုလှောင် ထိန်းသိမ်းခြင်း ဖြန့်ဖြူးပေးခြင်း၊

(င )  တိုင်းဒေသကြီး/ပြည်နယ်ခရိုင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းရေးရာကိစ္စ၊ ဘဏ္ဍာရေးရာကိစ္စများ ဆောင်ရွက်ပေးခြင်း၊

( စ )  စီမံကိန်းရေးဆွဲရေးအတွက် လိုအပ်သော အချက်အလက်များကို စုစည်းခြင်း၊ စိစစ်ခြင်း၊ရေးဆွဲပြုစုခြင်းများအတွက် သက်ဆိုင်ရာဌာနခွဲများသို့ ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဆ) တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်များမှ သတ်မှတ်ထားသော  အစီရင်ခံစာများ ပုံမှန်တင်ပြရေး ကြပ်မတ်ခြင်း၊   

( ၂ ) ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၏ လုပ်ငန်းတာဝန်များ

(က) အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားပြိုင်ပွဲကိစ္စအဝဝကို တာဝန်ယူကျင်းပပေးခြင်းနှင့် အခြားလူထုလူတန်းစားနှင့် အဖွဲ့အစည်းအသီးသီးမှ ကျင်းပသော ပြိုင်ပွဲများအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ကူညီဆောင်ရွက်ခြင်း၊

( ခ ) အပြည်ပြည်ဆိုင်ရာနှင့်ပတ်သက်သော အားကစားကိစ္စအဝဝကို ဆောင်ရွက်ခြင်း၊

( ဂ ) အားကစားအဆင့်အတန်းမြင့်မားရေးအတွက် လေ့ကျင့်သင်ကြားမှုကိစ္စအဝဝကို ဆောင်ရွက်ခြင်း၊

(ဃ) နည်းပညာဆိုင်ရာ တိုးတက်မြင့်မားရေးနှင့် မျိုးဆက်သစ်နည်းပြနှင့် အားကစားသမားများမွေးထုတ်ရေးကိစ္စအဝဝကို ဆောင်ရွက်ခြင်း၊

( ၃ ) ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာန(၂)၏ လုပ်ငန်းတာဝန်များ

(က) အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပ၍ ပြည်ပသို့ အားကစားပြိုင်ပွဲများ စေလွှတ်ယှဉ်ပြိုင်စေခြင်း၊

(ခ)  နိုင်ငံတကာအားကစားအဖွဲ့အစည်းများနှင့်ဆက်သွယ်ပြီး ဖိတ်ခေါ်အားကစားပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်စေခြင်း၊ ပြည်တွင်း၌ ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊

( ဂ) မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တင်ပြလာသောနိုင်ငံတကာ အားကစားအသင်းများ မြန်မာနိုင်ငံသို့လာရောက်ခြင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ခြင်းများကို အစီအစဉ်ရေးဆွဲ၍ တာဝန်ရှိသူအဆင့်ဆင့် တင်ပြအတည်ပြုချက် ရယူဆောင်ရွက်ပေးခြင်း၊

(ဃ) ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် အားကစားအဖွဲ့အစည်းများ၊ နည်းပြဆရာများ၊ အားကစားလေ့လာရေးအဖွဲ့များ၊ အစည်းအဝေး၊ ဆွေးနွေးပွဲသင်တန်းများ တက်ရောက်စေခြင်း စသည့်ကိစ္စအဆင့်ဆင့် တင်ပြအတည်ပြုချက် ရယူဆောင်ရွက်ခြင်း၊

(င) အစိုးရအဖွဲ့သို့တင်ပြမည့်အမှာစာများ၊ နိုင်ငံခြားရေးရာမူဝါဒကော်မတီသို့တင်ပြမည့် အမှာစာများ၊ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွင့်ပြုချက် ရရှိပြီးပါက အချိန်မီပြုစုတင်ပြခြင်း၊

(ဆ) မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီး၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် အားကစား သမားများအား ခေတ်မီအားကစားနည်းစနစ်များအား စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်း၊

(ဇ) နိုင်ငံခြားနည်းပြဆရာများ ငှားရမ်းခြင်း၊ ပြည်ပနိုင်ငံများသို့ ပူးတွဲလေ့ကျင့်ခြင်း ကိစ္စများအား အဆင့်ဆင့် တင်ပြအတည်ပြုချက်ရယူဆောင်ရွက်ခြင်း၊

( ဈ ) အားကစားနည်းအလိုက်နိုင်ငံတကာစံချိန်၊ စံညွှန်းများအား စနစ်တကျပြုစုထားရှိခြင်း။

( ၄ ) အားကစားကွင်း/အားကစားရုံဌာနခွဲ၏ လုပ်ငန်းတာဝန်များ

(က) အားကစားကွင်း/အားကစားရုံတည်ဆောက်ခြင်း၊တိုးချဲ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ လုပ်ငန်းကိစ္စအဝဝကို တာဝန်ခံဆောင်ရွက်ခြင်း၊

( ခ) ပြည်နယ်/တိုင်း၊ မြို့နယ်များတွင် နိုင်ငံတော်မှခွဲဝေချထားပေးသော ရန်ပုံငွေနှင့် ပြည်သူများထည့်ဝင်သည့် ရန်ပုံငွေများဖြင့် တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ တိုးချဲ့ခြင်းလုပ်ငန်းများကို အားကစားလေ့ကျင့် ယှဉ်ပြိုင်ခြင်းအတွက် လိုအပ်ချက်နှင့်အညီ ဖြစ်စေရန်အတွက် ကြပ်မတ်ဆောင်ရွက်ခြင်း၊

( ဂ ) မီတာ(၄၀၀) ပြေးလမ်းအပါအဝင် နိုင်ငံတကာစံချိန်စံညွှန်းမီ အားကစားကွင်းများ မရှိသေးသော  မြို့နယ်၊ အထက်တန်းကျောင်းရှိ ကျေးရွာအုပ်စုများတွင် ၎င်းအားကစားကွင်းများ တည်ဆောက်ရေးကိစ္စကို သက်ဆိုင်ရာမြို့နယ်အားကစားနှင့်ပညာပေးကော်မတီများသို့ ထောက်ပံ့ကြေးငွေ ချမှတ်ပေးရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

(ဃ) အားကစားကွင်း/ အားကစားရုံတည်ဆောက်ခြင်း/ တိုးချဲ့ခြင်း ပြုပြင်မွမ်းမံခြင်းများအတွက် သက်ဆိုင်ရာ ပြည်နယ်/တိုင်း၊ မြို့နယ်များမှ လိုအပ်သောအဆောက်အဦပုံစံ၊ BQ၊ ဂတိစာချုပ်စာတမ်းနှင့် အခြားလိုအပ်သော အထောက်အထားများရရှိရန် ဆောင်ရွက်ခြင်းနှင့် ၎င်းလုပ်ငန်းအတွက် လစဉ်တိုးတက်မှု အစီရင်ခံစာများ ရရှိရေး အတွက် ဆောင်ရွက်ခြင်း၊

( င) အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်/တိုင်း၊ မြို့နယ်များရှိ အားကစားအဆောက်အအုံများ၏ မြေဂရန်၊ အဆောက်အဦဂရန်များကို ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်း၊

(စ)  အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ အားကစားကွင်း/အားကစားရုံများ အစဉ်အမြဲသန့်ရှင်းမှုရှိရေး၊ စိမ်းလန်းစိုပြေရေးတို့အတွက် တာဝန်ယူစီမံဆောင်ရွက်ခြင်း၊

(ဆ) အားကစားနှင့်ကာယပညာဦးစီးဌာနမှကျင်းပသော အားကစားပြိုင်ပွဲများ၊ အဖွဲ့ချုပ်များမှ ကျင်းပသော ပြိုင်ပွဲများနှင့် အခြားဝန်ကြီးဌာနများမှကျင်းပသော အားကစားပြိုင်ပွဲများအတွက် လိုအပ်သော အားကစားကွင်း၊ အားကစားရုံများကိုဌာနမှ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စီစဉ်ဆောင်ရွက်ပေးခြင်း။

( ၅ ) လူထုအားကစားနှင့်ပညာပေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ

(က) နိုင်ငံတော်အစိုးရ၏ အားကစားမူဝါဒများနှင့်အညီ အားကစားလုပ်ငန်းများကို အမျိုးသားရေးလူထုလှုပ်ရှားမှု အသွင်ဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ခြင်း၊

( ခ ) လူတစုအားကစားမှ လူထုအားကစားသို့ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်/ တိုင်း/မြို့နယ် အနှံလူထုအားကစား လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ခြင်း၊ လူထုအားကစားလှုပ်ရှားမှုများကို တစ်နှစ်ပတ်လုံး ရာသီအလိုက်၊ ဒေသအလိုက်အစီအစဉ်များရေးဆွဲ၍ ဆောင်ရွက်ခြင်း၊

(ဂ) အားကစားဝါသနာရှင်များ၊ လူငယ်များမိမိတို့ဝါသနာပါသော အားကစားနည်းများအတွက် အခြေခံ နည်းစနစ်များကို စနစ်တကျတတ်မြောက်စေရန်၊ အားကစားနည်းများအလိုက် နွေ၊ မိုး၊ ဆောင်းရာသီ အားကစားသင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း၊

(ဃ) အားကစားဝါသနာရှင်များ၊ အားကစားသမားများ၊ အားကစားနည်းပညာဆိုင်ရာများကို သိရှိနားလည် တတ်ကျွမ်းစေရေးအတွက် အားကစားပညာပေးစာစောင်များထုတ်ဝေခြင်း၊ အားကစားပညာပေး ဟောပြောခြင်းများနှင့် စာကြည့်တိုက် ဖွင့်လှစ်ထားရှိခြင်း၊

( င )  ပြည်နယ်/ တိုင်း/မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အလိုက် သမာရိုးကျမဟုတ်သော အားကစားပြိုင်ပွဲများ၊ ဒေသ ဆိုင်ရာ ပြိုင်ပွဲများ၊ ကျင်းပပြုလုပ်ပေးခြင်းဖြင့် မီးခဲပြာဖုံး အားကစားသမားများ ဖေါ်ထုတ်ပေးရန် အစီအစဉ်ချမှတ်ဆောင်ရွက်ခြင်း။

( ၆ ) အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ၏လုပ်ငန်းတာဝန်များ

(က)  ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ သက်ဆိုင်ရာ တက္ကသိုလ်/ ကောလိပ် အခြေခံပညာအဆင့်ကျောင်းများတွင် အားကစားပညာပေး ဟောပြောပို့ချခြင်း၊

( ခ )  တက္ကသိုလ်/ကောလိပ်၊ အခြေခံပညာကျောင်းများ၌ အခြေခံနှင့် ခေတ်မီ အားကစားနည်းများအား လေ့ကျင့် သင်ကြားပေးရေးအတွက် အားကစားနည်းပြများ တွဲဖက်ပေး၍ လေ့ကျင့်သင်ကြားပေးခြင်း၊

( ဂ)  တက္ကသိုလ်/ကောလိပ်၊ အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲများ ကျင်းပရာတွင် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဃ)   အားကစားနှင့်ကာယပညာသိပ္ပံများတွင် ကာယဆရာ/ဆရာမများ၊ နည်းပြဆရာ မွမ်းမံသင်တန်းဖွင့်လှစ်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊

( င)   တက္ကသိုလ်/ကောလိပ်၊ အခြေခံပညာကျောင်းများသို့ အားကစားအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ရေးညှိနှိုင်းဆောင်ရွက်ခြင်း၊

(စ) အခြေခံပညာဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ ကျောင်းသူ/ကျောင်းသားများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ၊ ဗလ(၅)တန်နှင့် ပြီးပြည့်စုံပြီး ကျန်းမာကြံ့ခိုင်၍ ပညာရည် မြင့်မားသည့် လူငယ်/လူရွယ်များ ဖြစ်လာစေရေးပေါင်းစပ်ဆောင်ရွက်ခြင်း၊

(ဆ) တက္ကသိုလ်/ကောလိပ်၊ အခြေခံပညာကျောင်းများတွင် အခြေခံနှင့်ခေတ်မီ အားကစားနည်းစနစ်များ လေ့ကျင့်သင်ကြားနိုင်ရေးအတွက် အားကစားအရာရှိများ တွဲဖက်၍ လေ့ကျင့်သင်ကြားပေးခြင်း။

( ၇ ) အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ၏လုပ်ငန်းတာဝန်များ

(က) အားကစားသမားများ၊ အားကစားဝါသနာရှင်များ၊ လူငယ်များအား၊ အားကစားဆေးပညာဗဟုသုတ ပြန့်ပွားရေးအတွက် အားကစားဆေးဘက်ဆိုင်ရာ ကိစ္စများအား ပြောကြားပို့ချခြင်း၊

( ခ )  အားကစားသမားများ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း။

( ဂ) အားကစားသမားများကျွေးမွေးသည့် အစားအစာများ အာဟာရပြည့်ဝမှု ရှိ/မရှိ စမ်းသပ်စစ်ဆေး အကြံပြုခြင်း၊

(ဃ)  အားကစားသုတေသန စာကြည့်တိုက်ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ခြင်း။

( င )  အားကစားသုတေသနလက်စွဲစာအုပ်များ ထုတ်ဝေခြင်း၊

(စ)   အားကစားသမားများ၏ ဖြစ်စဉ်စည်းကမ်းချက် မှန်ကန်ရေးအတွက် လေ့ကျင့်ရေးအစီအစဉ်များနှင့်ဆီလျော်မှုရှိ / မရှိအကြံပြုတင်ပြခြင်း၊

(ဆ)  နိုင်ငံတကာအဆင့်မီ နည်းပြများ၊ဒိုင်များ၊ ဂျူရီများ ပေါ်ထွက်လာစေရေးအတွက် လေ့ကျင့်သင်ကြားပေးရေး ဆောင်ရွက်ခြင်း၊

( ဇ ) နိုင်ငံတကာခေတ်မီ အားကစားနည်းစနစ်များအား အားကစားသမားများအား လေ့ကျင့်သင်ကြားပေးရေး ဆောင်ရွက်ခြင်း၊

( ဈ)   နိုင်ငံတကာ အားကစားအဖွဲ့အစည်းများနှင့် ရင်းနှီးစွာဆက်ဆံ၍ ခေတ်မီအားကစားနည်းစနစ်များ ရရှိရေးနှင့်အသုံးချနိုင်ရေးဆောင်ရွက်ခြင်း။

( ၈ ) အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ၏လုပ်ငန်းတာဝန်များ

(က)  ဦးစီးဌာနအားလုံးအတွက် နှစ်စဉ်ကုန်ကျမည့် လိုအပ်သော ဆေး၊ ဆေးပစ္စည်းနှင့် ငွေ လိုအပ်ချက်များကို စာရင်းပြုစုတင်ပြခြင်း၊

( ခ )  အားကစားသမားများ၊ အားကစားသင်တန်းသားများ၊ ဝန်ထမ်းများနှင့် မိသားစုများ၏ကျန်းမာရေးအတွက် ဆေးကုသပေးခြင်း၊

( ဂ )  ပြည်တွင်း/ ပြည်ပ အားကစားပြိုင်ပွဲများအတွက် ဆေးအထောက်အကူပြုအဖွဲ့များ လိုက်ပါရန် လိုအပ်ပါက  ဆေးဝန်ထမ်းများ လိုက်ပါဆောင်ရွက်ရေးစီမံပေးခြင်း၊

(ဃ)  ဦးစီးဌာနမှကျင်းပသည့် အားကစားပြိုင်ပွဲများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ကြီးမှူးကျင်းပသည့် အားကစားပြိုင်ပွဲများတွင် ဆေးအထောက်အကူပြုအဖွဲ့ (Medical Cover) တာဝန်ခွဲဝေချထားခြင်း၊

( င )   အားကစားလေ့ကျင့်ရေးစခန်း ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ၊ ဆေးဖြန်း/ ဆေးမှုတ်လုပ်ငန်းများ၊ သောက်သုံးရေးဓါတ်ခွဲခန်း စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများ၊ အစားအသောက် ကိုင်တွယ် ချက်ပြုတ် ကျွေးမွေးမည့် ဝန်ထမ်းများအားစစ်ဆေးခြင်း၊

( စ )  စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားသမားများအား ပုံမှန်ဆေးကုသခြင်း၊ အထူးကုဆရာဝန်ကြီးများနှင့် ပြသပေးခြင်း၊

(ဆ) အားကစားသမားများ ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊

( ဇ)   အားကစားသမားများအား အချိန်တိုအတွင်း ပျောက်ကင်းအောင်ကုသပြီး အားကစား အမြန်ပြန်လည်ကစား စေနိုင်ရေးဆောင်ရွက်ခြင်း၊

( ဈ) လက်ထောက်ဆရာဝန်များ၊ ဆေးဘက်ဝန်ထမ်းများကို အခါအားလျော်စွာ ပြည်တွင်း၊ ပြည်ပတွင် ဖွင့်လှစ်သည့် သင်တန်းများ တက်ရောက်ခွင့်ရရှိရေးဆောင်ရွက်ခြင်း၊

(ည)  အားကစားသမားများ အားကစားဝါသနာရှင်များ၊ လူငယ်များအား အားကစားဆေးပညာများ ဗဟုသုတ ပြန့်ပွားရေးဆောင်ရွက်ခြင်း၊

(ဋ)    ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးသုတေသနဦးစီးဌာနများနှင့်ညှိနှိုင်းပြီး အားကစားဆေးသုတေသနလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင်ရွက်ခြင်း၊

( ဍ )    တားမြစ်ဆေးဝါးသုံးစွဲမှုရှိ/ မရှိစမ်းသပ်စစ်ဆေးခြင်း၊

(ဋ)   လက်ရွေးစင်အားကစားသမားများအား အပြီးသတ်ရွေးချယ်မှုပြီးလျှင် Doping ပုံစံများ၌ ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်း၊

(ဎ)   အားကစားဆေးပညာဆိုင်ရာ လေ့ကျင့်ပညာပေးမှုများနှင့် အမျိုးသားအဆင့် အားကစားဆေးပညာဆွေးနွေပွဲ များဆောင်ရွက်ခြင်း။

( ၉ ) အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ လုပ်ငန်းတာဝန်များ

(ရန်ကုန်/ မန္တလေး/ မော်လမြိုင်/ တောင်ကြီး/ မုံရွာ/ လွိုင်ကော်/ ဟားခါး/ စစ်တွေ)

(က)   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ လိုအပ်သော အားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားခြင်း၊

(ခ)  အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် အားကစားအရာရှိ သင်တန်း၊ အားကစားနည်းပြ သင်တန်း၊ အားကစားနည်းစနစ်မှူးသင်တန်းများကို ဖွင့်လှစ်သင်ကြားခြင်း၊

(ဂ) အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ ကူညီမှုဖြင့် အခါအားလျော်စွာ ဖွင့်လှစ်မည့် အားကစား ခေါင်းဆောင်မှုသင်တန်း၊ အားကစားနည်းပြသင်တန်းများအတွက် စီစဉ်ဆောင်ရွက်ခြင်း၊

(ဃ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သည့် နည်းပြဆရာများ၊ အားကစားခေါင်းဆောင်များ၊ မွေးထုတ်ပေးခြင်း၊

(င)  မြန်မာ့လက်ရွေးစင် အားကစားသမားများ နေရာတွင် သွေးသစ်လောင်းနိုင်ရန် လူငယ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်နိုင်ရန်အတွက် အထောက်အကူပြုနိုင်ရန် ဆောင်ရွက်ခြင်း။