ရပ်စောက်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ ကျင်းပ
ရပ်စောက်၊ စက်တင်ဘာ ၂၄။
ရပ်စောက်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၊ ရပ်စောက်ခန်းမတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်လှိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးမြတ်သူ က လူငယ်နှင့်အားကစားဖွံ့ဖြိုးရေး၊ အားကစားစနစ်တကျဆောင်ရွက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုနှင့်ဉာဏ်ရည်ဖွံ့ဖြိုးရေးဆိုင်ရာများကို ပြောကြားခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိမှ စာဖတ်ပါခေါင်းစဥ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
ထို့နောက် မြို့နယ်အားကစားမှူးက ကျောင်းသားကျောင်းသူများအတွက် အားကစားပစ္စည်းများပေးအပ်လှူဒါန်းခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိတို့မှ စာအုပ်/စာစောင်များ လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ အမေးအဖြေကဏ္ဍများ ပြုလုပ်ကျင်းပရာ အဖြေမှန်သူများကို မြို့နယ်အားကစားမှူးနှင့် မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိတို့မှ အားကစား အမှတ်တရလက်ဆောင် အင်္ကျီများ /ဆုတော်ငွေများ အသီးသီး ပေးအပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲအခမ်းအနားသို့ ကျောင်းသား/သူ အင်အား (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။


