ရန်ကုန်တိုင်းဒေသကြီး ဘော်လီဘောအားကစားသမားများမြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ
နေပြည်တော်၊ ဒီဇင်ဘာ(၈)။
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး ဘော်လီဘောအားကစားအဖွဲ့မှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား စုစုပေါင်းအင်အား (၃၃)ဦးတို့သည် ယနေ့နံနက် (၁၀)နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Social Zone ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်ထုများအားလည်းကောင်း၊ အားကစားပြတိုက်စိတ်ဓါတ်မြှင့်တင်ရေး ပြခန်းတို့အား လာရောက်ကြည့်ရှုလေ့လာပြီး အားကစားသမားများမှ သိရှိမေးမြန်းလိုသည်များကို လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ပြခန်းတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိပါသည်။




