အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၂၀ရက်။

၂၀၂၄ခုနှစ် ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ည ၈နာရီအချိန်က ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူတင်းနစ်ကွင်း၌ကျင်းပခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲကျင်းပရေးအဖွဲ့ဝင်များ၊ Dr.တင်ထွန်းနိုင်ဦးဆောင်သောဆေးဖွဲ့များ၊ ဝန်ထမ်းများ၊ ဒိုင်အဖွဲ့မှ တာဝန်အသိဆုံး ဒိုင်အဖွဲ့ဝင်များအားလည်းကောင်း၊ အသက်(၁၂)နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရ ဘုန်းခန့်အောင်၊ ဒုတိယဆုရ မင်းထက်နိုင်နှင့် တတိယဆုရ သော်တာမင်းတို့ကိုလည်းကောင်း၊ အသက်(၁၂)နှစ်အောက် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရ အိမ့်ဖြူသွယ်၊ ဒုတိယဆုရ ယဉ်မျိုးအေးနှင့် တတိယဆုရ မေမြတ်နိုး တို့ကိုလည်းကောင်း၊ အသက်(၁၄)နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရ ဖီဆာဆဲ ၊ ဒုတိယဆုရ ကွာဆာဆီ နှင့် တတိယဆုရ စိုင်းလင်းခန့်ပိုင် တို့ကိုလည်းကောင်း ၊ အသက်(၁၄)နှစ်အောက် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရ အေးအေးနွယ် ၊ ဒုတိယဆုရ ထက်ပြည့်သဇင် နှင့် တတိယဆုရယဥ်မျိုးအေးတို့ကိုလည်းကောင်း ၊ အသက်(၁၆)နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင်ပထမဆုရ ဒါဝူ ၊ ဒုတိယဆုရ အောင်ဘုန်းသျှံ နှင့် တတိယဆုရ ဖီဆာဆဲ တို့ကိုလည်းကောင်း ၊ အသက်(၁၆)နှစ်အောက် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင်ပထမဆုရ ဌေးဌေးမြင့် ၊ ဒုတိယဆုရ ရွန်ချီချာ နှင့် တတိယဆုရ ပြည့်ရတီဦး တို့ကိုလည်းကောင်း ၊ အသက်(၅၀)နှစ်အထက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရ ခင်မောင်ဝင်း + အောင်မိုး ၊ ဒုတိယဆုရ အောင်ကို + ဖိုးတီ ၊ ပူးတွဲတတိယဆုရ တင်မိုးအောင် + စည်သူအောင် နှင့်လှမြင့် + ခင်ဇော်ဝင်း တို့ကိုလည်းကောင်း ၊ အသက်(၆၀)နှစ်အထက် အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရ အောင်ကျော်ဆန်း + အောင်မိုး ၊ ဒုတိယဆုရ အောင်ဆန်း + ကျင့်ဟူ ၊ ပူးတွဲတတိယဆုရ ကြည်လွင် + ဝုန်ကျင့်ထောင် နှင့် ဦးဂျာ + ဦးသောင်း တို့ကိုလည်းကောင်း ၊ အမျိုးသမီးအလွတ်တန်း နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရ မေသဇင်ခိုင် + အိဖြူ ၊ ဒုတိယဆုရ အေးမြင့်အောင် + ခင်မီမီကိုကြီး ၊ ပူးတွဲတတိယဆုရ ဝင်းစန္ဒာ + ဒိမ်စီယမ်ကြင် နှင့် အိဇာ + မဌေးတို့ကိုလည်းကောင်း ၊ ဒုတိယတန်းအမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရ ဟန်ထူးဇင် + အောင်မိုးဟိန်း ၊ ဒုတိယဆုရ ဖြိုးသူလွင် + မင်းခန့် ၊ ပူးတွဲတတိယဆုရ ဝင်းမြိုင် + ရန်လင်းအောင် နှင့် ရာဇာ + ဘုန်းဇော်ခန့် တို့ကိုလည်းကောင်း ၊ ပထမတန်းအမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရ အောင်ကျော်နိုင် + ဟိန်းထက်ဇော် ၊ ဒုတိယဆုရ စောလင်းထွဋ် + ဟိန်းလတ်ကျော်နှင့် တတိယဆုရ မြူပိုင်မင်း + ဇော်ဆန်းဦးတို့ကိုလည်းကောင်း ၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင်ပထမဆုရ (မာဃမင်းတင်းနစ်အကယ်ဒမီပဲခူးအသင်း) ၊ ဒုတိယဆုရ (ရွှေမန်းတောင်အသင်း) ၊ ပူးတွဲတတိယဆုရ (A1-အသင်း) နှင့် (Country House)အသင်း တို့ကိုလည်းကောင်း ၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင်ပထမဆုရ (ရွှေမန်းတောင်အသင်း ) ၊ ဒုတိယဆုရ ( KTRCAအသင်း ) ၊ ပူးတွဲတတိယဆုရ ( အောင်လံမြို့မအသင်း )နှင့် ( Phoenix အသင်း )တို့ကို မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌဦးမျိုးသူရ ကိုယ်စား ၊ ဒုတိယဥက္ကဌ Dr.အောင်ကျော်ဆန်းက ငွေသားဆုနှင့်အတူ Trophy များကို ပေးအပ်ချီးမြှင့်၍လည်းကောင်း ၊ ဦးဇော်ထိန် ( မာဃမင်းတင်းနစ်အကယ်ဒမီ ) ၊ အတွင်းရေးမှူးဦးထင်လင်းဆွေ နှင့် အလုပ်အမှုဆောင်များ ၊ အဖွဲ့ဝင်များ ၊ အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန ၊ လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးအေးချိုတူး နှင့် တာဝန်ရှိသူတို့က ငွေသားဆုများနှင့်အတူ Trophy များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါဆုပေးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးမျိုးသူရ (ကိုယ်စား)၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဒေါက်တာအောင်ကျော်ဆန်း၊ ဦးဇော်ထိန် ( မာဃမင်းတင်းနစ်အကယ်ဒမီ )၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးထင်လင်းဆွေနှင့် အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရအားကစားသမားများတက်ရောက်ကြကြောင်း သိရှိရသည်။