မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် အမျိုးသား ယူ ၂၂ အသင်းတို့အား သွားရောက်တွေ့ဆုံအားပေးစကားပြောကြား
ကမ္ဘောဒီးယား၊ မေ ၁၅။
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကစားမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် တတိယနေရာလုပွဲ ကစားမည့် အမျိုးသား ယူ၂၂ အသင်းတို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့်ဗီယက်နမ်အသင်းတို့သည် မေ ၁၅ ရက်(ယနေ့)မြန်မာစံတော်ချိန် ည ၇ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၊ National Olympic Stadium ၌ ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ မြန်မာ အမျိုးသား ယူ ၂၂ အသင်းသည်လည်း မေ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၃:၃၀ နာရီတွင် ဗီယက်နမ် ယူ၂၂ အသင်းနှင့် တတိယ နေရာလုပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


