ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၆)ကြိမ်မြောက် အာရှရုံတွင်း ကိုယ်ခံပညာ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ
ရန်ကုန်၊ မတ် (၁၀)ရက်။
၂၀၂၃ခုနှစ်၊ မတ်လ(၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် (၆)ကြိမ်မြောက် အာရှ ရုံတွင်းကိုယ်ခံပညာအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး (2nd Coordination Committee meeting of the 6th Asian Indoor and Martial Art Games )သို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် တို့သည် ယနေ့ည (၇)နာရီအချိန်တွင် လေယာဉ်အမှတ် (WE -304)ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ ၊ ဗန်ကောက်မြို့သို့ ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး တို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။


